သိင်္ဂါလသုတ်
သိင်္ဂါလသုတ္တံ
အပိုဒ် ၂၄၂
ဧဝံ မေ သုတံ – ဧကံ သမယံ ဘဂဝါ ရာဇဂဟေ ဝိဟရတိ ဝေဠုဝနေ ကလန္ဒကနိဝါပေ။ တေန ခေါ ပန သမယေန သိင်္ဂါလကော ဂဟပတိပုတ္တော ကာလဿေဝ ဥဋ္ဌာယ ရာဇဂဟာ နိက္ခမိတွာ အလ္လဝတ္ထော အလ္လကေသော ပဉ္ဇလိကော ပုထုဒိသာ နမဿတိ – ပုရတ္ထိမံ ဒိသံ ဒက္ခိဏံ ဒိသံ ပစ္ဆိမံ ဒိသံ ဥတ္တရံ ဒိသံ ဟေဋ္ဌိမံ ဒိသံ ဥပရိမံ ဒိသံ။
မြန်မာပြန်
အကျွန်ုပ်သည် ဤသို့ ကြားနာခဲ့ရပါသည် -
အခါတစ်ပါး၌ မြတ်စွာဘုရားသည် ရာဇဂြိုဟ်ပြည် ရှဉ့်နက်တို့အား အစာကျွေးရာဖြစ်သော ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူ၏။
ထိုအခါ သူကြွယ်သား သိင်္ဂါလသည် စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသောဆံပင် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုး၏။
အပိုဒ် ၂၄၃
အထ ခေါ ဘဂဝါ ပုဗ္ဗဏှသမယံ နိဝါသေတွာ ပတ္တစီဝရမာဒါယ ရာဇဂဟံ ပိဏ္ဍာယ ပါဝိသိ။ အဒ္ဒသာ ခေါ ဘဂဝါ သိင်္ဂါလကံ ဂဟပတိပုတ္တံ ကာလဿေဝ ဝုဋ္ဌာယ ရာဇဂဟာ နိက္ခမိတွာ အလ္လဝတ္ထံ အလ္လကေသံ ပဉ္ဇလိကံ ပုထုဒိသာ နမဿန္တံ – ပုရတ္ထိမံ ဒိသံ ဒက္ခိဏံ ဒိသံ ပစ္ဆိမံ ဒိသံ ဥတ္တရံ ဒိသံ ဟေဋ္ဌိမံ ဒိသံ ဥပရိမံ ဒိသံ။ ဒိသွာ သိင်္ဂါလကံ ဂဟပတိပုတ္တံ ဧတဒဝေါစ – ‘‘ကိံ နု ခေါ တွံ၊ ဂဟပတိပုတ္တ၊ ကာလဿေဝ ဥဋ္ဌာယ ရာဇဂဟာ နိက္ခမိတွာ အလ္လဝတ္ထော အလ္လကေသော ပဉ္ဇလိကော ပုထုဒိသာ နမဿသိ – ပုရတ္ထိမံ ဒိသံ ဒက္ခိဏံ ဒိသံ ပစ္ဆိမံ ဒိသံ ဥတ္တရံ ဒိသံ ဟေဋ္ဌိမံ ဒိသံ ဥပရိမံ ဒိသ’’န္တိ? ‘‘ပိတာ မံ၊ ဘန္တေ၊ ကာလံ ကရောန္တော ဧဝံ အဝစ – ‘ဒိသာ၊ တာတ၊ နမဿေယျာသီ’တိ။ သော ခေါ အဟံ၊ ဘန္တေ၊ ပိတုဝစနံ သက္ကရောန္တော ဂရုံ ကရောန္တော မာနေန္တော ပူဇေန္တော ကာလဿေဝ ဥဋ္ဌာယ ရာဇဂဟာ နိက္ခမိတွာ အလ္လဝတ္ထော အလ္လကေသော ပဉ္ဇလိကော ပုထုဒိသာ နမဿာမိ – ပုရတ္ထိမံ ဒိသံ ဒက္ခိဏံ ဒိသံ ပစ္ဆိမံ ဒိသံ ဥတ္တရံ ဒိသံ ဟေဋ္ဌိမံ ဒိသံ ဥပရိမံ ဒိသ’’န္တိ။
မြန်မာပြန်
ထိုအခါ မြတ်စွာဘုရားသည် နံနက်အချိန်၌ သင်္ကန်းကို ပြင်ဝတ်၍ သပိတ်သင်္ကန်းကို ယူလျက် ရာဇဂြိုဟ်ပြည်သို့ ဆွမ်းခံကြွတော်မူ၏။ စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသောဆံပင် ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုးနေသော သူကြွယ်သား သိင်္ဂါလကို မြင်တော်မူသော် သူကြွယ်သား သိင်္ဂါလအား ဤသို့သော စကားကို မိန့်တော်မူ၏ -
“သူကြွယ်သား သင်သည် စောစောထ၍ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသော ဆံပင်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ် တောင်အရပ် အနောက်အရပ် မြောက်အရပ် အောက်အရပ် အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို အဘယ့်ကြောင့် ရှိခိုးဘိသနည်း”ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား ဖခင်သည် သေခါနီးလတ်သော် အကျွန်ုပ်ကို “ချစ်သား (သင်သည်) အရပ်မျက်နှာတို့ကို ရှိခိုးလော့”ဟု မှာခဲ့ပါ၏။ မြတ်စွာဘုရား ထိုအကျွန်ုပ်သည် ဖခင်စကားကို အရိုအသေပြုလျက် အလေးပြုလျက် မြတ်နိုးလျက် ပူဇော်လျက် စောစောထကာ ရာဇဂြိုဟ်ပြည်မှ ထွက်ပြီးလျှင် စိုသော အဝတ် စိုသော ဆံပင်ရှိသည်ဖြစ်၍ လက်အုပ်ချီလျက် အရှေ့အရပ်။ပ။ အထက်အရပ် (ဟူသော) များစွာသော အရပ်တို့ကို ရှိခိုးပါ၏ဟု (လျှောက်၏)။
ဆ ဒိသာ
အပိုဒ် ၂၄၄
‘‘န ခေါ၊ ဂဟပတိပုတ္တ၊ အရိယဿ ဝိနယေ ဧဝံ ဆ ဒိသာ နမဿိတဗ္ဗာ’’တိ။ ‘‘ယထာ ကထံ ပန၊ ဘန္တေ၊ အရိယဿ ဝိနယေ ဆ ဒိသာ နမဿိတဗ္ဗာ? သာဓု မေ၊ ဘန္တေ၊ ဘဂဝါ တထာ ဓမ္မံ ဒေသေတု၊ ယထာ အရိယဿ ဝိနယေ ဆ ဒိသာ နမဿိတဗ္ဗာ’’တိ။
‘‘တေန ဟိ၊ ဂဟပတိပုတ္တ သုဏောဟိ သာဓုကံ မနသိကရောဟိ ဘာသိဿာမီ’’တိ။ ‘‘ဧဝံ၊ ဘန္တေ’’တိ ခေါ သိင်္ဂါလကော ဂဟပတိပုတ္တော ဘဂဝတော ပစ္စဿောသိ။ ဘဂဝါ ဧတဒဝေါစ –
‘‘ယတော ခေါ၊ ဂဟပတိပုတ္တ၊ အရိယသာဝကဿ စတ္တာရော ကမ္မကိလေသာ ပဟီနာ ဟောန္တိ၊ စတူဟိ စ ဌာနေဟိ ပါပကမ္မံ န ကရောတိ၊ ဆ စ ဘောဂါနံ အပါယမုခါနိ န သေဝတိ၊ သော ဧဝံ စုဒ္ဒသ ပါပကာပဂတော ဆဒ္ဒိသာပဋိစ္ဆာဒီ ဥဘောလောကဝိဇယာယ ပဋိပန္နော ဟောတိ။ တဿ အယဉ္စေဝ လောကော အာရဒ္ဓေါ ဟောတိ ပရော စ လောကော။ သော ကာယဿ ဘေဒါ ပရံ မရဏာ သုဂတိံ သဂ္ဂံ လောကံ ဥပပဇ္ဇတိ။
မြန်မာပြန်
သူကြွယ်သား အရိယာတို့၏ သာသနာ၌ အရပ်ခြောက်ပါးတို့ကို ဤသို့ ရှိမခိုးအပ်ဟု (မိန့်တော်မူ၏)။
မြတ်စွာဘုရား ထိုသို့ ရှိမခိုးအပ်သော် အဘယ်သို့လျှင် အရိယာတို့၏ သာသနာ၌ အရပ်ခြောက်ပါးတို့ကို ရှိခိုးအပ်ပါသနည်း။ မြတ်စွာဘုရား အကျွန်ုပ် တောင်းပန်ပါ၏၊ မြတ်စွာဘုရားသည် အရိယာတို့၏ သာသနာ၌ ရှိခိုးအပ်သော အရပ်ခြောက်ပါးတို့ကို ဟောတော်မူပါလော့ဟု (လျှောက်၏)။
သူကြွယ်သား သို့ဖြစ်လျှင် နာလော့၊ ကောင်းစွာ နှလုံးသွင်းလော့၊ ဟောပေအံ့ဟု (မိန့်တော်မူ၏)။
“မြတ်စွာဘုရား ကောင်းပါပြီ”ဟု သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအား ဝန်ခံ၏။
မြတ်စွာဘုရားသည် ဤသို့သော စကားကို မိန့်တော်မူ၏ -
“သူကြွယ်သား အရိယာသာဝကသည် ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏၊ လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြု၊ စည်းစိမ်ပျက်စီးကြောင်း ခြောက်ပါးတို့ကို မမှီဝဲ၊ ထို (အရိယာသာဝက)သည် ဤသို့ တစ်ဆယ့်လေးပါးသော မကောင်းမှုမှ ကင်းသည်ဖြစ်၍ အရပ်ခြောက်ပါးတို့ကို လုံခြုံစေလျက် လောကနှစ်ပါးကို အောင်ခြင်းငှါ ကျင့်၏၊ ထို (အရိယာသာဝက)သည် ဤပစ္စုပ္ပန် လောကကိုလည်းကောင်း တမလွန်လောကကိုလည်းကောင်း နှစ်သက်အပ်၏၊ ထိုအရိယာသာဝကသည် ခန္ဓာကိုယ်ပျက်စီး၍ သေပြီးသည်မှ နောက်၌ ကောင်းသော လားရာဖြစ်သော နတ်ပြည်သို့ ရောက်၏။
စတ္တာရောကမ္မကိလေသာ
ညစ်ညူးသော ကံ လေးပါး
အပိုဒ် ၂၄၅
‘‘ကတမဿ စတ္တာရော ကမ္မကိလေသာ ပဟီနာ ဟောန္တိ? ပါဏာတိပါတော ခေါ၊ ဂဟပတိပုတ္တ၊ ကမ္မကိလေသော၊ အဒိန္နာဒါနံ ကမ္မကိလေသော၊ ကာမေသုမိစ္ဆာစာရော ကမ္မကိလေသော၊ မုသာဝါဒော ကမ္မကိလေသော။ ဣမဿ စတ္တာရော ကမ္မကိလေသာ ပဟီနာ ဟောန္တီ’’တိ။ ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘ပါဏာတိပါတော အဒိန္နာဒါနံ၊ မုသာဝါဒော စ ဝုစ္စတိ။
ပရဒါရဂမနဉ္စေဝ၊ နပ္ပသံသန္တိ ပဏ္ဍိတာ’’တိ။
မြန်မာပြန်
ထိုအရိယာသာဝကသည် အဘယ်ညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်သနည်းဟူမူ -
“သူကြွယ်သား အသက်သတ်ခြင်းသည် ညစ်ညူးသော ကံမည်၏၊ မပေးသည်ကို ယူခြင်းသည် ညစ်ညူးသော ကံမည်၏၊ ကာမဂုဏ်တို့၌ မှားသောအားဖြင့် ကျင့်ခြင်းသည် ညစ်ညူးသော ကံမည်၏၊ မဟုတ်မမှန်ပြောခြင်းသည် ညစ်ညူးသော ကံမည်၏၊ ထိုအရိယာသာဝကသည် ဤညစ်ညူးသော ကံလေးပါးတို့ကို ပယ်အပ်ကုန်၏”ဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ -
“သူကြွယ်သား အသက်သတ်ခြင်းကိုလည်းကောင်း၊ မပေးသည်ကို ယူခြင်းကိုလည်းကောင်း၊ မဟုတ်မမှန်ပြောခြင်းကိုလည်းကောင်း၊ သူတစ်ပါး၏ မယား၌ သွားလာခြင်းကိုလည်းကောင်း (ညစ်ညူးသောကံဟု) ဆိုအပ်၏၊ (ထိုညစ်ညူးသောကံနှင့် ပြည့်စုံ သူတို့ကို) ပညာရှိတို့သည် မချီးမွမ်းကုန်”ဟု (မိန့်တော်မူ၏)။
စတုဋ္ဌာနံ
အကြောင်း လေးပါး
အပိုဒ် ၂၄၆
‘‘ကတမေဟိ စတူဟိ ဌာနေဟိ ပါပကမ္မံ န ကရောတိ? ဆန္ဒာဂတိံ ဂစ္ဆန္တော ပါပကမ္မံ ကရောတိ၊ ဒောသာဂတိံ ဂစ္ဆန္တော ပါပကမ္မံ ကရောတိ၊ မောဟာဂတိံ ဂစ္ဆန္တော ပါပကမ္မံ ကရောတိ၊ ဘယာဂတိံ ဂစ္ဆန္တော ပါပကမ္မံ ကရောတိ။ ယတော ခေါ၊ ဂဟပတိပုတ္တ၊ အရိယသာဝကော နေဝ ဆန္ဒာဂတိံ ဂစ္ဆတိ၊ န ဒောသာဂတိံ ဂစ္ဆတိ၊ န မောဟာဂတိံ ဂစ္ဆတိ၊ န ဘယာဂတိံ ဂစ္ဆတိ; ဣမေဟိ စတူဟိ ဌာနေဟိ ပါပကမ္မံ န ကရောတီ’’တိ။ ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘ဆန္ဒာ ဒောသာ ဘယာ မောဟာ၊ ယော ဓမ္မံ အတိဝတ္တတိ။
နိဟီယတိ ယသော တဿ၊ ကာဠပက္ခေဝ စန္ဒိမာ။
‘‘ဆန္ဒာ ဒောသာ ဘယာ မောဟာ၊ ယော ဓမ္မံ နာတိဝတ္တတိ။
အာပူရတိ ယသော တဿ၊ သုက္ကပက္ခေဝ စန္ဒိမာ’’တိ။
မြန်မာပြန်
အဘယ်လေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုသနည်း၊ ဆန္ဒာဂတိ ‘ချစ်သဖြင့် မလိုက်အပ်သည်’သို့လိုက်၍ မကောင်းမှုကို ပြု၏၊ ဒေါသာဂတိ ‘မုန်းသဖြင့် မလိုက်အပ်သည်’သို့လိုက်၍ မကောင်းမှုကို ပြု၏၊ မောဟာဂတိ ‘မသိသဖြင့် မလိုက်အပ်သည်’သို့လိုက်၍ မကောင်းမှုကို ပြု၏၊ ဘယာဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည်’သို့လိုက်၍ မကောင်းမှုကို ပြု၏။
သူကြွယ်သား စင်စစ်သော်ကား အရိယာသာဝကသည် အကြင့်ကြောင့် ဆန္ဒာဂတိသို့ မလိုက်၊ ဒေါသာဂတိသို့ မလိုက်၊ မောဟာဂတိသို့ မလိုက်၊ ဘယာဂတိသို့ မလိုက်။ ထို့ကြောင့် ဤလေးပါးသော အကြောင်းတို့ဖြင့် မကောင်းမှုကို မပြုရာဟု ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဆိုလတ္တံ့သော ဂါထာစကားကို မိန့်တော်မူ၏ -
“သူကြွယ်သား အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ ကျင့်၏။ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆုတ်ပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ဆုတ်ယုတ်၏။
အကြင်သူသည် ချစ်ခြင်းကြောင့်လည်းကောင်း၊ မုန်းခြင်းကြောင့်လည်းကောင်း၊ ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း တရားကို လွန်ကျူး၍ မကျင့်၊ ထိုသူ၏ အခြံအရံ အကျော်အစောသည် လဆန်းပက္ခ၌ လမင်းကဲ့သို့ တစ်နေ့တစ်ခြား ပြည့်စုံ၏”ဟု (မိန့်တော်မူ၏)။
ဆ အပါယမုခါနိ
စည်းစိမ်ပျက်ကြောင်း ခြောက်ပါး
အပိုဒ် ၂၄၇
‘‘ကတမာနိ ဆ ဘောဂါနံ အပါယမုခါနိ န သေဝတိ? သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေါ ခေါ၊ ဂဟပတိပုတ္တ၊ ဘောဂါနံ အပါယမုခံ၊ ဝိကာလဝိသိခါစရိယာနုယောဂေါ ဘောဂါနံ အပါယမုခံ၊ သမဇ္ဇာဘိစရဏံ ဘောဂါနံ အပါယမုခံ၊ ဇူတပ္ပမာဒဋ္ဌာနာနုယောဂေါ ဘောဂါနံ အပါယမုခံ၊ ပါပမိတ္တာနုယောဂေါ ဘောဂါနံ အပါယမုခံ၊ အာလသျာနုယောဂေါ ဘောဂါနံ အပါယမုခံ။
မြန်မာပြန်
အရိယာသာဝကသည် အဘယ်ခြောက်ပါးသော စည်းစိမ်ပျက်ကြောင်းတို့ကို မမှီဝဲသနည်းဟူမူ -
သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
အခါမဲ့ ခရီးသွားလာလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
မကောင်းသော အဆွေခင်ပွန်းတို့နှင့် ပေါင်းသင်းလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
ပျင်းရိလေ့ရှိခြင်းသည် စည်းစိမ်ပျက်ကြောင်းတည်း။
သုရာမေရယဿ ဆ အာဒီနဝါ
သေရည် သေရက် သောက်ခြင်း အပြစ် ခြောက်ပါး
အပိုဒ် ၂၄၈
‘‘ဆ ခေါမေ၊ ဂဟပတိပုတ္တ၊ အာဒီနဝါ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ။ သန္ဒိဋ္ဌိကာ ဓနဇာနိ၊ ကလဟပ္ပဝဍ္ဎနီ၊ ရောဂါနံ အာယတနံ၊ အကိတ္တိသဉ္ဇနနီ၊ ကောပီနနိဒံသနီ ၊ ပညာယ ဒုဗ္ဗလိကရဏီတွေဝ ဆဋ္ဌံ ပဒံ ဘဝတိ။ ဣမေ ခေါ၊ ဂဟပတိပုတ္တ၊ ဆ အာဒီနဝါ သုရာမေရယမဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ။
မြန်မာပြန်
သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည် သေရက် သောက်လေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ဥစ္စာဆုတ်ယုတ်ခြင်းသည် ကိုယ်တွေ့မျက်မြင် ဖြစ်ရာ၏၊ ခိုက်ရန်ဖြစ်ပွါးတတ်၏၊ အနာရောဂါ၏ အကြောင်း ဖြစ်၏၊ အရှိန်အစော်မဲ့တတ်၏၊ လျှို့ဝှက်အပ်သည်ကို ဖော်ပြတတ်၏၊ ပညာ၏ အားနည်းသည်ကို ပြုခြင်းသည် ခြောက်ခုမြောက် အကြောင်းဖြစ်၏။ သူကြွယ်သား မူးယစ်မေ့လျော့ကြောင်းဖြစ်သော သေရည်သေရက် သောက်လေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ဝိကာလစရိယာယ ဆ အာဒီနဝါ
အခါမဲ့သွားလာခြင်း အပြစ် ခြောက်ပါး
အပိုဒ် ၂၄၉
‘‘ဆ ခေါမေ၊ ဂဟပတိပုတ္တ၊ အာဒီနဝါ ဝိကာလဝိသိခါစရိယာနုယောဂေ။ အတ္တာပိဿ အဂုတ္တော အရက္ခိတော ဟောတိ၊ ပုတ္တဒါရောပိဿ အဂုတ္တော အရက္ခိတော ဟောတိ၊ သာပတေယျံပိဿ အဂုတ္တံ အရက္ခိတံ ဟောတိ၊ သင်္ကိယော စ ဟောတိ ပါပကေသု ဌာနေသု၊ အဘူတဝစနဉ္စ တသ္မိံ ရူဟတိ၊ ဗဟူနဉ္စ ဒုက္ခဓမ္မာနံ ပုရက္ခတော ဟောတိ။ ဣမေ ခေါ၊ ဂဟပတိပုတ္တ၊ ဆ အာဒီနဝါ ဝိကာလဝိသိခါစရိယာနုယောဂေ။
မြန်မာပြန်
သူကြွယ်သား အခါမဲ့ ခရီးသွားလာလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ထိုသူ၏ ကိုယ်သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏၊ ထိုသူ၏ သားမယားတို့သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏၊ ထိုသူ၏ ဥစ္စာနှစ်သည်လည်း အကာအကွယ် အစောင့်အရှောက်ကင်း၏၊ (သူတစ်ပါးပြုသော) မကောင်းမှုတို့၌ (ဤသူပြုမည်ဟု) ယုံမှားအပ်၏၊ ထိုသူ၌ မဟုတ်မမှန် စွပ်စွဲသော စကားလည်း ကျရောက်တတ်၏၊ များစွာသော ဆင်းရဲတရားတို့၏ ရှေ့သွားဖြစ်၏။ သူကြွယ်သား အခါမဲ့ ခရီးသွားလာလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
သမဇ္ဇာဘိစရဏဿ ဆ အာဒီနဝါ
ပွဲလမ်းသဘင် ကြည့်ရှုခြင်း အပြစ် ခြောက်ပါး
အပိုဒ် ၂၅၀
‘‘ဆ ခေါမေ၊ ဂဟပတိပုတ္တ၊ အာဒီနဝါ သမဇ္ဇာဘိစရဏေ။ ကွ နစ္စံ၊ ကွ ဂီတံ၊ ကွ ဝါဒိတံ၊ ကွ အက္ခါနံ၊ ကွ ပါဏိဿရံ၊ ကွ ကုမ္ဘထုနန္တိ။ ဣမေ ခေါ၊ ဂဟပတိပုတ္တ၊ ဆ အာဒီနဝါ သမဇ္ဇာဘိစရဏေ။
မြန်မာပြန်
သူကြွယ်သား ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အဘယ်မှာ ကပွဲရှိသနည်း၊ အဘယ်မှာ သီဆိုပွဲရှိသနည်း၊ အဘယ်မှာ တီးမှုတ်ပွဲရှိသနည်း၊ အဘယ်မှာ စာဟောပွဲရှိသနည်း၊ အဘယ်မှာ လက်ခုပ်တီးပွဲရှိသနည်း၊ အဘယ်မှာ စည်တီးပွဲရှိသနည်းဟု မေးရ သွားရ၏။ သူကြွယ်သား ပွဲလမ်းသဘင် ကြည့်ရှုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ဇူတပ္ပမာဒဿ ဆ အာဒီနဝါ
လောင်းကစားခြင်း အပြစ် ခြောက်ပါး
အပိုဒ် ၂၅၁
‘‘ဆ ခေါမေ၊ ဂဟပတိပုတ္တ၊ အာဒီနဝါ ဇူတပ္ပမာဒဋ္ဌာနာနုယောဂေ။ ဇယံ ဝေရံ ပသဝတိ၊ ဇိနော ဝိတ္တမနုသောစတိ၊ သန္ဒိဋ္ဌိကာ ဓနဇာနိ၊ သဘာဂတဿ ဝစနံ န ရူဟတိ၊ မိတ္တာမစ္စာနံ ပရိဘူတော ဟောတိ၊ အာဝါဟဝိဝါဟကာနံ အပတ္ထိတော ဟောတိ – ‘အက္ခဓုတ္တော အယံ ပုရိသပုဂ္ဂလော နာလံ ဒါရဘရဏာယာ’တိ။ ဣမေ ခေါ၊ ဂဟပတိပုတ္တ၊ ဆ အာဒီနဝါ ဇူတပ္ပမာဒဋ္ဌာနာနုယောဂေ။
မြန်မာပြန်
သူကြွယ်သား မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
နိုင်သော် ရန်ပွား၏၊ ရှုံးသော် ဥစ္စာအတွက် ပူပန်ရ၏၊ ကိုယ်တွေ့မျက်မြင် ဥစ္စာဆုတ်ယုတ်၏၊ တရားရုံး၌ ထိုသူ၏ စကားသည် မတည်၊ အဆွေခင်ပွန်းတို့သည် မထီမဲ့မြင် ပြုအပ်၏၊ “ဤသူသည် ကစားသမားတည်း၊ မယားကို ကျွေးမွေးရန် မစွမ်းနိုင်”ဟု သမီးပေး သမီးယူပြုလိုကုန်သော သူတို့သည် အလိုမရှိအပ်။ သူကြွယ်သား မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
ပါပမိတ္တတာယ ဆ အာဒီနဝါ
ခင်ပွန်းယုတ် အပြစ် ခြောက်ပါး
အပိုဒ် ၂၅၂
‘‘ဆ ခေါမေ၊ ဂဟပတိပုတ္တ၊ အာဒီနဝါ ပါပမိတ္တာနုယောဂေ။ ယေ ဓုတ္တာ၊ ယေ သောဏ္ဍာ၊ ယေ ပိပါသာ၊ ယေ နေကတိကာ၊ ယေ ဝဉ္စနိကာ၊ ယေ သာဟသိကာ။ တျာဿ မိတ္တာ ဟောန္တိ တေ သဟာယာ။ ဣမေ ခေါ၊ ဂဟပတိပုတ္တ၊ ဆ အာဒီနဝါ ပါပမိတ္တာနုယောဂေ။
မြန်မာပြန်
သူကြွယ်သား မကောင်းသောသူတို့ကို အဆွေခင်ပွန်းပြုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အကြင်သူတို့သည် လောင်းကစားကြူးကုန်၏၊ အကြင်သူတို့သည် ကာမဂုဏ်ကြူးကုန်၏၊ အကြင်သူတို့သည် သေသောက်ကြူးကုန်၏၊ အကြင်သူတို့သည် အတုပြု၍ လှည့်ပတ်တတ်ကုန်၏၊ အကြင်သူတို့သည် မာယာဖြင့် လှည့်ပတ်တတ်ကုန်၏၊ အကြင်သူတို့သည် အနိုင်အထက် ပြုတတ်ကုန်၏၊ ထိုသူတို့သည်သာလျှင် ထိုသူ၏ အဆွေခင်ပွန်း အပေါင်းအဖော်ဖြစ်ကုန်၏။ ထို့ကြောင့် ပစ္စုပ္ပန်၌လည်းကောင်း၊ တမလွန်၌လည်းကောင်း ပျက်စီးခြင်းသို့ ရောက်၏၊ သူကြွယ်သား မကောင်းသော သူတို့ကို အဆွေခင်ပွန်း ပြုလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အာလသျဿ ဆ အာဒီနဝါ
ပျင်းရိခြင်း အပြစ် ခြောက်ပါး
အပိုဒ် ၂၅၃
‘‘ဆ ခေါမေ၊ ဂဟပတိပုတ္တ၊ အာဒီနဝါ အာလသျာနုယောဂေ။ အတိသီတန္တိ ကမ္မံ န ကရောတိ၊ အတိဥဏှန္တိ ကမ္မံ န ကရောတိ၊ အတိသာယန္တိ ကမ္မံ န ကရောတိ၊ အတိပါတောတိ ကမ္မံ န ကရောတိ၊ အတိဆာတောသ္မီတိ ကမ္မံ န ကရောတိ၊ အတိဓာတောသ္မီတိ ကမ္မံ န ကရောတိ။ တဿ ဧဝံ ကိစ္စာပဒေသဗဟုလဿ ဝိဟရတော အနုပ္ပန္နာ စေဝ ဘောဂါ နုပ္ပဇ္ဇန္တိ၊ ဥပ္ပန္နာ စ ဘောဂါ ပရိက္ခယံ ဂစ္ဆန္တိ။ ဣမေ ခေါ၊ ဂဟပတိပုတ္တ၊ ဆ အာဒီနဝါ အာလသျာနုယောဂေ’’တိ။ ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘ဟောတိ ပါနသခါ နာမ၊
ဟောတိ သမ္မိယသမ္မိယော။
ယော စ အတ္ထေသု ဇာတေသု၊
သဟာယော ဟောတိ သော သခါ။
‘‘ဥဿူရသေယျာ ပရဒါရသေဝနာ၊
ဝေရပ္ပသဝေါ စ အနတ္ထတာ စ။
ပါပါ စ မိတ္တာ သုကဒရိယတာ စ၊
ဧတေ ဆ ဌာနာ ပုရိသံ ဓံသယန္တိ။
‘‘ပါပမိတ္တော ပါပသခေါ၊
ပါပအာစာရဂေါစရော။
အသ္မာ လောကာ ပရမှာ စ၊
ဥဘယာ ဓံသတေ နရော။
‘‘အက္ခိတ္ထိယော ဝါရုဏီ နစ္စဂီတံ၊
ဒိဝါ သောပ္ပံ ပါရိစရိယာ အကာလေ။
ပါပါ စ မိတ္တာ သုကဒရိယတာ စ၊
ဧတေ ဆ ဌာနာ ပုရိသံ ဓံသယန္တိ။
‘‘အက္ခေဟိ ဒိဗ္ဗန္တိ သုရံ ပိဝန္တိ၊
ယန္တိတ္ထိယော ပါဏသမာ ပရေသံ။
နိဟီနသေဝီ န စ ဝုဒ္ဓသေဝီ၊
နိဟီယတေ ကာဠပက္ခေဝ စန္ဒော။
‘‘ယော ဝါရုဏီ အဒ္ဓနော အကိဉ္စနော၊
ပိပါသော ပိဝံ ပပါဂတော။
ဥဒကမိဝ ဣဏံ ဝိဂါဟတိ၊
အကုလံ ကာဟိတိ ခိပ္ပမတ္တနော။
‘‘န ဒိဝါ သောပ္ပသီလေန၊ ရတ္တိမုဋ္ဌာနဒေဿိနာ။
နိစ္စံ မတ္တေန သောဏ္ဍေန၊ သက္ကာ အာဝသိတုံ ဃရံ။
‘‘အတိသီတံ အတိဥဏှံ၊ အတိသာယမိဒံ အဟု။
ဣတိ ဝိဿဋ္ဌကမ္မန္တေ၊ အတ္ထာ အစ္စေန္တိ မာဏဝေ။
‘‘ယောဓ သီတဉ္စ ဥဏှဉ္စ၊ တိဏာ ဘိယျော န မညတိ။
ကရံ ပုရိသကိစ္စာနိ၊ သော သုခံ န ဝိဟာယတီ’’တိ။
မြန်မာပြန်
သူကြွယ်သား ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။
အေးလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ပူလွန်းသည်ဟု အမှုကိစ္စကို မပြု၊ မိုးချုပ်လွန်းသည်ဟု အမှုကိစ္စကို မပြု၊ စောလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ဆာလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ဝလွန်းသည်ဟု အမှုကိစ္စကို မပြု၊ ဤသို့ မခိုင်လုံသော ကိစ္စများကို ယိုးမယ်ဖွဲ့၍ နေသော ထိုသူအား မဖြစ်သေးသော စည်းစိမ်တို့သည်လည်း မဖြစ်ကုန်၊ ဖြစ်ပြီးသော စည်းစိမ်တို့သည်လည်း ပျက်စီးခြင်းသို့ ရောက်ကုန်၏။ သူကြွယ်သား ပျင်းရိလေ့ရှိခြင်း၌ အပြစ်တို့သည် ဤခြောက်ပါးတို့တည်း။ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။
ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကို မိန့်တော်မူ၏ -
“သေရည်ဆိုင်၌သာ အဖော်ဖြစ်သောသူသည် သောက်ဖော် သောက်ဖက် မိတ်ဆွေ မည်၏၊ ‘အဆွေ အဆွေ’ဟု ခေါ်၍ မျက်မှောက်၌သာ အဖော်သဟဲဖြစ်လျက် မျက်ကွယ်၌ ရန်သူသဖွယ် ဖြစ်သော သူသည် ဟန်ဆောင်မိတ်ဆွေမည်၏၊ အကြင်သူသည် အကြောင်းကိစ္စဖြစ်ပေါ်လတ်သော် အဖော်သဟဲ ဖြစ်၏၊ ထိုသူသည် မိတ်ဆွေစစ် မည်၏။
နေမြင့်အောင် အိပ်ခြင်းလည်းကောင်း၊ သူတစ်ပါးမယားကို မှီဝဲခြင်းလည်းကောင်း၊ ရန်သူများခြင်းလည်းကောင်း၊ အကျိုးမဲ့ပြုခြင်းလည်းကောင်း၊ မကောင်းသော အဆွေခင်ပွန်းရှိခြင်းလည်းကောင်း၊ အလွန်စေးနှဲခြင်းလည်းကောင်း ဤအကြောင်းခြောက်ပါးတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။
မကောင်းသော မိတ်ဆွေခင်ပွန်းရှိသူသည်လည်းကောင်း၊ မကောင်းသော အပေါင်းအဖော်ရှိသူသည်လည်းကောင်း၊ မကောင်းသော အလေ့အကျင့် မကောင်းသော ကျက်စားရာရှိသူသည်လည်းကောင်း၊ ဤလောကမှလည်းကောင်း၊ တမလွန်လောကမှလည်းကောင်း နှစ်ပါးစုံသော လောကမှ (ပျက်စီးခြင်းသို့) လျှောကျတတ်၏။
လောင်းကစားလေ့ရှိခြင်းလည်းကောင်း၊ မိန်းမလိုက်စားခြင်းလည်းကောင်း၊ သေရည် သေရက် သောက်လေ့ရှိခြင်းလည်းကောင်း၊ ကခြင်းသီခြင်းကို ကြည့်ရှုနားထောင်လေ့ရှိခြင်းလည်းကောင်း၊ နေ့၌ အိပ်လေ့ရှိခြင်းလည်းကောင်း၊ အခါမဲ့၌ ခရီးသွားလာလေ့ရှိခြင်းလည်းကောင်း၊ မကောင်းသူတို့ကို အဆွေခင်ပွန်း ဖွဲ့လေ့ရှိခြင်းလည်းကောင်း၊ အလွန်စေးနှဲခြင်းလည်းကောင်း ဤခြောက်ပါးသော အကြောင်းတို့သည် လူကို ဖျက်ဆီးတတ်ကုန်၏။
အကြင်သူတို့သည် ကြွေအန်တို့ဖြင့် လောင်းကစားကုန်၏၊ သေရည်သေရက် သောက်ကုန်၏၊ သူတစ်ပါးတို့၏ အသက်နှင့်တူကုန်သော, သူယုတ်မာတို့သာ မှီဝဲအပ်ကုန်သော, ပညာရှိတို့ မမှီဝဲအပ်ကုန်သော သူတစ်ပါးမယားတို့ကို သွားလာကုန်၏၊ ထိုသူတို့၏ စည်းစိမ်အခြံအရံသည် လဆုတ်ပက္ခ၌ လမင်းကဲ့သို့ ဆုတ်ယုတ်၏။
မရှိဆင်းရဲသော မွတ်သိပ်သော အကြင်အရက်သမားသည် သောက်လိုသည်ဖြစ်၍ အရက်ဆိုင်သို့ သွား၏၊ ထိုအရက်သမားသည် ရေ၌ ကျောက်ခဲ နစ်မြုပ်သကဲ့သို့ ကြွေး၌ နစ်မြုပ်လတ္တံ့၊ မိမိ၏ ဆွေမျိုးမရှိ အထီးကျန်သူအဖြစ်ကို လျင်စွာ ပြုလတ္တံ့။
နေ့၌ အိပ်လေ့ရှိသော ညဉ့်၌ ထလေ့မရှိသော အမြဲမူးယစ်သော ကာမဂုဏ်လိုက်စားသော သူသည် အိမ်ကို အုပ်စိုး၍ နေခြင်းငှါ မတတ်နိုင်။
အေးလွန်းသည် ပူလွန်းသည် မိုးချုပ်လွန်းသည်ဟု (ပြောဆို၍) အမှုကိစ္စတို့ကို မပြုလုပ်ဘဲ စွန့်လွှတ်ကုန်သော သူတို့ကို အကျိုးစီးပွားတို့သည် ကျော်လွန်၍ သွားကုန်၏။
ဤလောက၌ အကြင်သူသည် အအေးကိုလည်းကောင်း၊ အပူကိုလည်းကောင်း၊ မြက်ထက်လွန်၍ မအောက်မေ့၊ ထိုသူသည် လူ့ကိစ္စတို့ကို ပြုသည်ဖြစ်၍ စီးပွားချမ်းသာကို မစွန့်”ဟု (မိန့်တော်မူ၏)။
မိတ္တပတိရူပကာ
မိတ်ဆွေတု
အပိုဒ် ၂၅၄
‘‘စတ္တာရောမေ၊ ဂဟပတိပုတ္တ၊ အမိတ္တာ မိတ္တပတိရူပကာ ဝေဒိတဗ္ဗာ။ အညဒတ္ထုဟရော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော၊ ဝစီပရမော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော၊ အနုပ္ပိယဘာဏီ အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော၊ အပါယသဟာယော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား မိတ်ဆွေစစ် မဟုတ်သော ဤမိတ်ဆွေတု လေးယောက်တို့ကို သိအပ်ကုန်၏၊ စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏၊ နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏၊ အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏၊ ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
အပိုဒ် ၂၅၅
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အညဒတ္ထုဟရော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။
‘‘အညဒတ္ထုဟရော ဟောတိ၊ အပ္ပေန ဗဟုမိစ္ဆတိ ။
ဘယဿ ကိစ္စံ ကရောတိ၊ သေဝတိ အတ္ထကာရဏာ။
‘‘ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ အညဒတ္ထုဟရော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ်မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
စင်စစ် ယူသာ ယူတတ်၏၊ နည်းသော ဥစ္စာဖြင့် များစွာသော ဥစ္စာကို အလိုရှိ၏၊ (မိမိ၌) ဘေးဖြစ်လတ်သော် ထိုသူ၏ ကိစ္စကို ပြုတတ်၏၊ အကျိုးကို ရလိုသောကြောင့် ဆည်းကပ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် စင်စစ် ယူသာ ယူတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
အပိုဒ် ၂၅၆
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ ဝစီပရမော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။ အတီတေန ပဋိသန္ထရတိ၊ အနာဂတေန ပဋိသန္ထရတိ၊ နိရတ္ထကေန သင်္ဂဏှာတိ၊ ပစ္စုပ္ပန္နေသု ကိစ္စေသု ဗျသနံ ဒဿေတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ ဝစီပရမော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
လွန်ပြီးသောအရာဖြင့် ချီးမြှောက်၏၊ မဖြစ်သေးသောအရာဖြင့် ချီးမြှောက်၏၊ အချည်းနှီးလောကွတ်မျှဖြင့် ချီးမြှောက်၏၊ ဖြစ်ဆဲကိစ္စတို့၌ ပျက်စီးခြင်းကို ပြ၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် နှုတ်မျှဖြင့်သာလျှင် ပေးတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
အပိုဒ် ၂၅၇
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အနုပ္ပိယဘာဏီ အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။ ပါပကံပိဿ အနုဇာနာတိ၊ ကလျာဏံပိဿ အနုဇာနာတိ၊ သမ္မုခါဿ ဝဏ္ဏံ ဘာသတိ၊ ပရမ္မုခါဿ အဝဏ္ဏံ ဘာသတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ အနုပ္ပိယဘာဏီ အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
ထိုသူအား မကောင်းမှုကိုလည်း ခွင့်ပြု၏၊ ထိုသူအား ကောင်းမှုကိုလည်း ခွင့်ပြု၏၊ ထိုသူ၏ မျက်မှောက်၌ ချီးမွမ်းစကားကို ဆို၏၊ ထိုသူ၏ မျက်ကွယ်၌ ကဲ့ရဲ့စကားကို ဆို၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် အကြိုက်ကို လိုက်၍ ပြောဆိုတတ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
အပိုဒ် ၂၅၈
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အပါယသဟာယော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော ။ သုရာမေရယ မဇ္ဇပ္ပမာဒဋ္ဌာနာနုယောဂေ သဟာယော ဟောတိ၊ ဝိကာလ ဝိသိခါ စရိယာနုယောဂေ သဟာယော ဟောတိ၊ သမဇ္ဇာဘိစရဏေ သဟာယော ဟောတိ၊ ဇူတပ္ပမာဒဋ္ဌာနာနုယောဂေ သဟာယော ဟောတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ အပါယသဟာယော အမိတ္တော မိတ္တပတိရူပကော ဝေဒိတဗ္ဗော’’တိ။
မြန်မာပြန်
သူကြွယ်သား ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
မူးယစ်မေ့လျော့ကြောင်း သေရည်သေရက်သောက်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊ အခါမဲ့ ခရီးသွားလာခြင်း၌ အပေါင်းအဖော် ဖြစ်၏၊ ပွဲလမ်းသဘင် ကြည့်ရှုနားထောင်ခြင်း၌ အပေါင်းအဖော် ဖြစ်၏၊ မေ့လျော့ကြောင်းဖြစ်သော လောင်းကစားလေ့ရှိခြင်း၌ အပေါင်းအဖော် ဖြစ်၏။
သူကြွယ်သား ဤအကြောင်းလေးပါးတို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေတုကို သိအပ်၏။
အပိုဒ် ၂၅၉
ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘အညဒတ္ထုဟရော မိတ္တော၊ ယော စ မိတ္တော ဝစီပရော။
အနုပ္ပိယဉ္စ ယော အာဟ၊ အပါယေသု စ ယော သခါ။
ဧတေ အမိတ္တေ စတ္တာရော၊ ဣတိ ဝိညာယ ပဏ္ဍိတော။
အာရကာ ပရိဝဇ္ဇေယျ၊ မဂ္ဂံ ပဋိဘယံ ယထာ’’တိ။
မြန်မာပြန်
ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကို မိန့်တော်မူ၏ -
“အကြင် မိတ်ဆွေသည် စင်စစ် ယူသာ ယူတတ်၏၊ အကြင် မိတ်ဆွေသည် နှုတ်မျှဖြင့်သာလျှင် ပေးတတ်၏၊ အကြင် မိတ်ဆွေသည် အကြိုက်ကိုသာ လိုက်၍ ပြောဆိုတတ်၏၊ အကြင် မိတ်ဆွေသည် ပျက်စီးကြောင်း၌ အပေါင်းအဖော် ဖြစ်၏။
မိတ်ဆွေစစ် မဟုတ်သော ဤလေးယောက်တို့ကို ပညာရှိသည် ဤသို့ ဆိုခဲ့တိုင်း သိ၍ ဘေးရန်ရှိသော ခရီးကို ဝေးစွာ ရှောင်ကြဉ်သကဲ့သို့ ဝေးစွာ ရှောင်ကြဉ်ရာ၏”ဟု (မိန့်တော်မူ၏)။
သုဟဒမိတ္တော
စိတ်ကောင်း နှလုံးကောင်းရှိသော မိတ်ဆွေ
အပိုဒ် ၂၆၀
‘‘စတ္တာရောမေ ၊ ဂဟပတိပုတ္တ၊ မိတ္တာ သုဟဒါ ဝေဒိတဗ္ဗာ။ ဥပကာရော မိတ္တော သုဟဒော ဝေဒိတဗ္ဗော၊ သမာနသုခဒုက္ခေါ မိတ္တော သုဟဒော ဝေဒိတဗ္ဗော၊ အတ္ထက္ခါယီ မိတ္တော သုဟဒော ဝေဒိတဗ္ဗော၊ အနုကမ္ပကော မိတ္တော သုဟဒော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား ကောင်းသော စိတ်နှလုံးရှိသော ဤမိတ်ဆွေ လေးယောက်တို့ကို သိအပ်ကုန်၏၊ ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊ ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊ အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏၊ အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
အပိုဒ် ၂၆၁
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ ဥပကာရော မိတ္တော သုဟဒော ဝေဒိတဗ္ဗော။ ပမတ္တံ ရက္ခတိ၊ ပမတ္တဿ သာပတေယျံ ရက္ခတိ၊ ဘီတဿ သရဏံ ဟောတိ၊ ဥပ္ပန္နေသု ကိစ္စကရဏီယေသု တဒ္ဒိဂုဏံ ဘောဂံ အနုပ္ပဒေတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ ဥပကာရော မိတ္တော သုဟဒော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်တတ်၏။
မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်တတ်၏။
ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာ ဖြစ်၏။
ပြုဖွယ်ကိစ္စ ဖြစ်ပေါ်လတ်သော် ထိုပြောသည်ထက် နှစ်ဆသော စည်းစိမ်ကို ပေးတတ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် ကျေးဇူးပြုတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
အပိုဒ် ၂၆၂
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ သမာနသုခဒုက္ခေါ မိတ္တော သုဟဒော ဝေဒိတဗ္ဗော။ ဂုယှမဿ အာစိက္ခတိ၊ ဂုယှမဿ ပရိဂူဟတိ၊ အာပဒါသု န ဝိဇဟတိ၊ ဇီဝိတံပိဿ အတ္ထာယ ပရိစ္စတ္တံ ဟောတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ သမာနသုခဒုက္ခေါ မိတ္တော သုဟဒော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
ထိုမိတ်ဆွေအား လျှို့ဝှက်အပ်သော အမှုကို ပြောကြား၏။
ထိုမိတ်ဆွေ၏ လျှို့ဝှက်အပ်သော အမှုကို လျှို့ဝှက်၏။
ဘေးရန် ဖြစ်လတ်သော် မစွန့်ပစ်။
ထိုမိတ်ဆွေ၏ အကျိုးငှါ အသက်ကိုသော်လည်း စွန့်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
အပိုဒ် ၂၆၃
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အတ္ထက္ခါယီ မိတ္တော သုဟဒော ဝေဒိတဗ္ဗော။ ပါပါ နိဝါရေတိ၊ ကလျာဏေ နိဝေသေတိ၊ အဿုတံ သာဝေတိ၊ သဂ္ဂဿ မဂ္ဂံ အာစိက္ခတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ အတ္ထက္ခါယီ မိတ္တော သုဟဒော ဝေဒိတဗ္ဗော။
မြန်မာပြန်
သူကြွယ်သား အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
မကောင်းမှုမှ တားမြစ်တတ်၏။
ကောင်းမှု၌ သက်ဝင်စေ၏။
မကြားဖူးသော တရားစကားကို ပြောကြားတတ်၏။
နတ်ပြည်ခရီးကို ပြောကြားတတ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် အကျိုးစီးပွားကို ပြောကြားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
အပိုဒ် ၂၆၄
‘‘စတူဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အနုကမ္ပကော မိတ္တော သုဟဒော ဝေဒိတဗ္ဗော။ အဘဝေနဿ န နန္ဒတိ၊ ဘဝေနဿ နန္ဒတိ၊ အဝဏ္ဏံ ဘဏမာနံ နိဝါရေတိ၊ ဝဏ္ဏံ ဘဏမာနံ ပသံသတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ စတူဟိ ဌာနေဟိ အနုကမ္ပကော မိတ္တော သုဟဒော ဝေဒိတဗ္ဗော’’တိ။
မြန်မာပြန်
သူကြွယ်သား အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို လေးပါးသော အကြောင်းတို့ဖြင့် သိအပ်၏။
ထိုမိတ်ဆွေ၏ ဆုတ်ယုတ်ပျက်စီးခြင်းကို မနှစ်သက်။
ထိုမိတ်ဆွေ၏ ဖြစ်ထွန်းတိုးတက်ခြင်းကို နှစ်သက်၏။
ထိုမိတ်ဆွေအား ကဲ့ရဲ့စကားပြောသူကို ကန့်ကွက်တားမြစ်တတ်၏။
ထိုမိတ်ဆွေအား ချီးမွမ်းစကားပြောသူကို ထောက်ခံချီးမွမ်းတတ်၏။
သူကြွယ်သား ဤလေးပါးသော အကြောင်းတို့ဖြင့် အစဉ်သနားတတ်သော ကောင်းသော စိတ်နှလုံးရှိသော မိတ်ဆွေစစ်ကို သိအပ်၏။
အပိုဒ် ၂၆၅
ဣဒမဝေါစ ဘဂဝါ၊ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘ဥပကာရော စ ယော မိတ္တော၊ သုခေ ဒုက္ခေ စ ယော သခါ။
အတ္ထက္ခါယီ စ ယော မိတ္တော၊ ယော စ မိတ္တာနုကမ္ပကော။
‘‘ဧတေပိ မိတ္တေ စတ္တာရော၊ ဣတိ ဝိညာယ ပဏ္ဍိတော။
သက္ကစ္စံ ပယိရုပါသေယျ၊ မာတာ ပုတ္တံ ဝ ဩရသံ။
ပဏ္ဍိတော သီလသမ္ပန္နော၊ ဇလံ အဂ္ဂီဝ ဘာသတိ။
‘‘ဘောဂေ သံဟရမာနဿ၊ ဘမရဿေဝ ဣရီယတော။
ဘောဂါ သန္နိစယံ ယန္တိ၊ ဝမ္မိကောဝုပစီယတိ။
‘‘ဧဝံ ဘောဂေ သမာဟတွာ၊ အလမတ္တော ကုလေ ဂိဟီ။
စတုဓာ ဝိဘဇေ ဘောဂေ၊ သ ဝေ မိတ္တာနိ ဂန္ထတိ။
‘‘ဧကေန ဘောဂေ ဘုဉ္ဇေယျ၊ ဒွီဟိ ကမ္မံ ပယောဇယေ။
စတုတ္ထဉ္စ နိဓာပေယျ၊ အာပဒါသု ဘဝိဿတီ’’တိ။
မြန်မာပြန်
ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကို မိန့်တော်မူ၏ -
“(သူကြွယ်သား) အကြင် မိတ်ဆွေသည် ကျေးဇူးပြုတတ်၏၊ အကြင် မိတ်ဆွေသည် ချမ်းသာအတူ ဆင်းရဲအတူ ဖြစ်၏၊ အကြင် မိတ်ဆွေသည် အကျိုးစီးပွါးကို ပြောကြားတတ်၏၊ အကြင် မိတ်ဆွေသည် အစဉ်သနားတတ်၏။
ပညာရှိသောသူသည် ဤမိတ်ဆွေစစ်လေးယောက်တို့ကို ဤဆိုခဲ့တိုင်းသိ၍ အမိသည် ရင်၌ ဖြစ်သော သားသို့ ချဉ်းကပ်သကဲ့သို့ ရိုသေစွာ ချဉ်းကပ်ရာ၏။
သီလနှင့် ပြည့်စုံသော ပညာရှိသည် ထွန်းလင်းတောက်ပသော မီးကဲ့သို့ တင့်တယ် ထွန်းပ၏၊ ပျားသည် (ပန်းပွင့်ကို မထိခိုက်စေမူ၍ ဝတ်ရည်ကိုသာ စုပ်ယူလျက်) ပျားလပို့ကို အားထုတ်ဆောက်လုပ်သကဲ့သို့ (မိမိကိုလည်းကောင်း၊ သူတစ်ပါးကိုလည်းကောင်း မညှဉ်းဆဲ မထိခိုက်စေမူ၍ တရားသဖြင့်) ဥစ္စာပစ္စည်းကို စုဆောင်း ရှာမှီးသော သူ၏ ဥစ္စာစည်းစိမ်တို့သည် ခြတောင်ပို့ ကြီးပွါးသကဲ့သို့ ကြီးပွါးခြင်းသို့ ရောက်ကုန်၏။
အိမ်ထောင်သည်ဘဝကို တည်ဆောက်နိုင်သော အမျိုးသားသည် ဤသို့ ဥစ္စာ စည်းစိမ်တို့ကို ကောင်းစွာ စုဆောင်း၍ စည်းစိမ်တို့ကို လေးဖို့ ခွဲဝေရာ၏။ (ဤသို့ ခွဲဝေသော်) ထိုသူသည် မိတ်ဆွေခင်ပွန်းတို့ကို မကွဲအောင် စည်းရုံးနိုင်၏။
တစ်ဖို့ဖြင့် စည်းစိမ်ကို ခံစားရာ၏၊ နှစ်ဖို့တို့ဖြင့် ကုန်သွယ်မှု စသည် ပြုလုပ်ရာ၏၊ လေးခုမြောက်အဖို့ကိုကား ဘေးရန်ဖြစ်လတ်သော် အသုံးစရိတ် ဖြစ်လတ္တံ့ဟု သိုမှီး ထားရာ၏”ဟု (မိန့်တော်မူ၏)။
ဆဒ္ဒိသာပဋိစ္ဆာဒနကဏ္ဍံ
အရပ် ခြောက်ပါးကို လုံခြုံစေခြင်း
အပိုဒ် ၂၆၆
‘‘ကထဉ္စ၊ ဂဟပတိပုတ္တ၊ အရိယသာဝကော ဆဒ္ဒိသာပဋိစ္ဆာဒီ ဟောတိ? ဆ ဣမာ၊ ဂဟပတိပုတ္တ၊ ဒိသာ ဝေဒိတဗ္ဗာ။ ပုရတ္ထိမာ ဒိသာ မာတာပိတရော ဝေဒိတဗ္ဗာ၊ ဒက္ခိဏာ ဒိသာ အာစရိယာ ဝေဒိတဗ္ဗာ၊ ပစ္ဆိမာ ဒိသာ ပုတ္တဒါရာ ဝေဒိတဗ္ဗာ၊ ဥတ္တရာ ဒိသာ မိတ္တာမစ္စာ ဝေဒိတဗ္ဗာ၊ ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ဝေဒိတဗ္ဗာ၊ ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ဝေဒိတဗ္ဗာ။
မြန်မာပြန်
သူကြွယ်သား အရိယာသာဝကသည် အရပ်ခြောက်ပါးတို့ကို အသို့လျှင် လုံခြုံစေသနည်းဟူမူ- သူကြွယ်သား အရပ်ခြောက်ပါးတို့ကို သိအပ်ကုန်၏။
အမိ အဖတို့ကို အရှေ့အရပ်ဟု သိအပ်ကုန်၏။
ဆရာသမားတို့ကို တောင်အရပ်ဟု သိအပ်ကုန်၏။
သားမယားတို့ကို အနောက်အရပ်ဟု သိအပ်ကုန်၏။
ချစ်သော အဆွေခင်ပွန်းတို့ကို မြောက်အရပ်ဟု သိအပ်ကုန်၏။
အစေအပါး အလုပ်သမားတို့ကို အောက်အရပ်ဟု သိအပ်ကုန်၏။
သမဏဗြာဟ္မဏတို့ကို အထက်အရပ်ဟု သိအပ်ကုန်၏။
အပိုဒ် ၂၆၇
‘‘ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌာတဗ္ဗာ – ဘတော နေ ဘရိဿာမိ၊ ကိစ္စံ နေသံ ကရိဿာမိ၊ ကုလဝံသံ ဌပေဿာမိ၊ ဒါယဇ္ဇံ ပဋိပဇ္ဇာမိ၊ အထ ဝါ ပန ပေတာနံ ကာလင်္ကတာနံ ဒက္ခိဏံ အနုပ္ပဒဿာမီတိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ ပုတ္တံ အနုကမ္ပန္တိ။ ပါပါ နိဝါရေန္တိ၊ ကလျာဏေ နိဝေသေန္တိ၊ သိပ္ပံ သိက္ခါပေန္တိ၊ ပတိရူပေန ဒါရေန သံယောဇေန္တိ၊ သမယေ ဒါယဇ္ဇံ နိယျာဒေန္တိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ပုတ္တေန ပုရတ္ထိမာ ဒိသာ မာတာပိတရော ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ ပုတ္တံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ပုရတ္ထိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။
မြန်မာပြန်
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် အရှေ့အရပ်မည်သော မိဘတို့ကို ပြုစုအပ်ကုန်၏။
(ငါ့ကို ငါ့မိဘတို့) မွေးမြူအပ်၏၊ (ငါသည်) ထိုမိဘတို့ကို ပြန်၍ မွေးမြူအံ့။
ထိုမိဘတို့၏ အမှုကိစ္စကို ပြုအံ့။
မိဘတို့၏ ဥစ္စာကို မပျက်အောင် စောင့်ထိန်းခြင်း၊ အစဉ်အဆက်မှ လာသော ကုသိုလ်ဝတ်ကို ပြုခြင်းဖြင့် အမျိုးအနွယ်ကို တည်စေအံ့။
အမွေခံထိုက်အောင် (မိဘတို့၏ အဆုံးအမကို) ကျင့်ကြံ လိုက်နာအံ့။
ထိုမှတစ်ပါး ကွဲကွာသေလွန်သော မိဘတို့၏ အလို့ငှါ အလှူပေးအံ့ဟု (ပြုစုကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော အရှေ့အရပ်မည်သော မိဘတို့သည် အကြောင်းငါးပါးတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏။
မကောင်းမှုမှ တားမြစ်ကုန်၏။
ကောင်းမှု၌ သက်ဝင်စေကုန်၏။
အတတ်ကို သင်စေကုန်၏။
လျောက်ပတ်သော မယားနှင့် ထိမ်းမြားပေးကုန်၏။
လျောက်ပတ်သော အချိန်၌ အမွေဥစ္စာကို အပ်နှင်းကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော အရှေ့အရပ်မည်သော မိဘတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးကို စောင့်ရှောက်ကုန်၏၊ ထိုသားသမီးသည် ဤသို့ လုပ်ကျွေးသည်ရှိသော် ထိုအရှေ့အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
အပိုဒ် ၂၆၈
‘‘ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အန္တေဝါသိနာ ဒက္ခိဏာ ဒိသာ အာစရိယာ ပစ္စုပဋ္ဌာတဗ္ဗာ – ဥဋ္ဌာနေန ဥပဋ္ဌာနေန သုဿုသာယ ပါရိစရိယာယ သက္ကစ္စံ သိပ္ပပဋိဂ္ဂဟဏေန။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ အန္တေဝါသိနာ ဒက္ခိဏာ ဒိသာ အာစရိယာ ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ အန္တေဝါသိံ အနုကမ္ပန္တိ – သုဝိနီတံ ဝိနေန္တိ၊ သုဂ္ဂဟိတံ ဂါဟာပေန္တိ၊ သဗ္ဗသိပ္ပဿုတံ သမက္ခါယိနော ဘဝန္တိ၊ မိတ္တာမစ္စေသု ပဋိယာဒေန္တိ၊ ဒိသာသု ပရိတ္တာဏံ ကရောန္တိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ အန္တေဝါသိနာ ဒက္ခိဏာ ဒိသာ အာစရိယာ ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ အန္တေဝါသိံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ဒက္ခိဏာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။
မြန်မာပြန်
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် တောင်အရပ်မည်သော ဆရာတို့ကို ပြုစုအပ်ကုန်၏။
နေရာမှ ထ၍ ခရီးဦးကြိုခြင်းဖြင့်လည်းကောင်း၊
ခစားဆည်းကပ်ခြင်းဖြင့်လည်းကောင်း၊
(စကားကို) နာယူခြင်းဖြင့်လည်းကောင်း၊
အရိုအသေလုပ်ကျွေးခြင်းဖြင့်လည်းကောင်း၊
အတတ်ပညာကို ရိုသေစွာ သင်ကြားလေ့ကျက်သင်ခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ဝတ်ပြုအပ်ကုန်သော တောင်အရပ်မည်သော ဆရာတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို အစဉ်စောင့်ရှောက်ကုန်၏။
ကောင်းစွာ ဆုံးမသင့်သော အရာကို ဆုံးမကုန်၏။
ကောင်းစွာ သင်သင့်သော အရာကို သင်စေကုန်၏။
အလုံးစုံသော အတတ်ကို ပြောကြား သင်ကြားကုန်၏။
ကောင်းသော အဆွေခင်ပွန်းတို့ထံ၌ အပ်နှင်းကုန်၏။
ခပ်သိမ်းသော အရပ်တို့၌ အစောင့်အရှောက်ကို ပြုကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ပြုစုလုပ်ကျွေးအပ်ကုန်သော တောင်အရပ်မည်သော ဆရာတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်ကို စောင့်ရှောက်ကုန်၏။ ထိုတပည့်သည် ဤသို့ ပြုစုလုပ်ကျွေးသည်ရှိသော် ထိုတောင်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
အပိုဒ် ၂၆၉
‘‘ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ သာမိကေန ပစ္ဆိမာ ဒိသာ ဘရိယာ ပစ္စုပဋ္ဌာတဗ္ဗာ – သမ္မာနနာယ အနဝမာနနာယ အနတိစရိယာယ ဣဿရိယဝေါဿဂ္ဂေန အလင်္ကာရာနုပ္ပဒါနေန။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ သာမိကေန ပစ္ဆိမာ ဒိသာ ဘရိယာ ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ သာမိကံ အနုကမ္ပတိ – သုသံဝိဟိတကမ္မန္တာ စ ဟောတိ၊ သင်္ဂဟိတပရိဇနာ စ၊ အနတိစာရိနီ စ၊ သမ္ဘတဉ္စ အနုရက္ခတိ၊ ဒက္ခါ စ ဟောတိ အနလသာ သဗ္ဗကိစ္စေသု။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ သာမိကေန ပစ္ဆိမာ ဒိသာ ဘရိယာ ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ သာမိကံ အနုကမ္ပတိ။ ဧဝမဿ ဧသာ ပစ္ဆိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။
မြန်မာပြန်
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် လင်သည် အနောက်အရပ်မည်သော မယားကို ပြုစုအပ်၏။
အမြတ်တနိုး ခေါ်ဆိုခြင်းဖြင့်လည်းကောင်း။
နှိမ့်ချ၍ မခေါ်ဆိုခြင်းဖြင့်လည်းကောင်း။
မိမိမယားကို လွန်၍ အခြားမိန်းမတို့၌ မပျော်ပါးခြင်းဖြင့်လည်းကောင်း။
စဖိုဆောင်အုပ်စိုးမှုကို လွှဲအပ်ခြင်းဖြင့်လည်းကောင်း။
အဝတ်တန်ဆာကို ပေးခြင်းဖြင့်လည်းကောင်း (ပြုစုအပ်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် လင်သည် ပြုစုအပ်သော အနောက်အရပ်မည်သော မယားသည် ငါးပါးသော အကြောင်းတို့ဖြင့် လင်ဖြစ်သူကို စောင့်ရှောက်၏။
အမှုကြီးငယ်ကိုလည်း ကောင်းစွာ စီရင်၏။
နှစ်ဖက်သော ဆွေမျိုးကိုလည်း ချီးမြှောက်၏။
မိမိလင်မှတစ်ပါး အခြားယောကျ်ား၌ လွန်ကျူးသော အကျင့်မှ ကင်း၏။
ရှာဖွေစုဆောင်းခဲ့သော ဥစ္စာကို ထိန်းသိမ်းစောင့်ရှောက်၏။
အလုံးစုံသော ကိစ္စတို့၌ လိမ္မာ၍ ပျင်းရိခြင်းကင်း၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် လင်သည် ပြုစုအပ်သော အနောက်အရပ်မည်သော မယားသည် ဤငါးပါးသော အကြောင်းတို့ဖြင့် လင်ကို စောင့်ရှောက်၏၊ ဤသို့ပြုစုသည်ရှိသော် ဤအနောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
အပိုဒ် ၂၇၀
‘‘ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ ကုလပုတ္တေန ဥတ္တရာ ဒိသာ မိတ္တာမစ္စာ ပစ္စုပဋ္ဌာတဗ္ဗာ – ဒါနေန ပေယျဝဇ္ဇေန အတ္ထစရိယာယ သမာနတ္တတာယ အဝိသံဝါဒနတာယ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ကုလပုတ္တေန ဥတ္တရာ ဒိသာ မိတ္တာမစ္စာ ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ ကုလပုတ္တံ အနုကမ္ပန္တိ – ပမတ္တံ ရက္ခန္တိ၊ ပမတ္တဿ သာပတေယျံ ရက္ခန္တိ၊ ဘီတဿ သရဏံ ဟောန္တိ၊ အာပဒါသု န ဝိဇဟန္တိ၊ အပရပဇာ စဿ ပဋိပူဇေန္တိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ကုလပုတ္တေန ဥတ္တရာ ဒိသာ မိတ္တာမစ္စာ ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ ကုလပုတ္တံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ဥတ္တရာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။
မြန်မာပြန်
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့ကို ပြုစုအပ်ကုန်၏။
ပေးကမ်းစွန့်ကြဲခြင်းဖြင့်လည်းကောင်း။
ချစ်ဖွယ်သော စကားကို ဆိုခြင်းဖြင့်လည်းကောင်း။
အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းဖြင့်လည်းကောင်း။
မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းဖြင့်လည်းကောင်း။
မချွတ်မယွင်း ပြောဆိုပေးကမ်းခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။
မူးယစ်သော မိတ်ဆွေကို စောင့်ရှောက်ကုန်၏။
မူးယစ်သော မိတ်ဆွေ၏ ပစ္စည်းဥစ္စာကို စောင့်ရှောက်ကုန်၏။
ကြောက်ရွံ့သော မိတ်ဆွေ၏ အားကိုးရာဖြစ်ကုန်၏။
ဘေးရန်ဖြစ်လတ်သော် မစွန့်ပစ်ကုန်။
ထိုမိတ်ဆွေ၏ သားမြေးအဆက်ဆက်တို့ကိုလည်း တုံ့ပြန် ချီးမြှောက်ကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော မြောက်အရပ်မည်သော အဆွေခင်ပွန်းတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ဤမြောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
အပိုဒ် ၂၇၁
‘‘ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ အယျိရကေန ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ပစ္စုပဋ္ဌာတဗ္ဗာ – ယထာဗလံ ကမ္မန္တသံဝိဓာနေန ဘတ္တဝေတနာနုပ္ပဒါနေန ဂိလာနုပဋ္ဌာနေန အစ္ဆရိယာနံ ရသာနံ သံဝိဘာဂေန သမယေ ဝေါဿဂ္ဂေန။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ အယျိရကေန ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ပစ္စုပဋ္ဌိတာ ပဉ္စဟိ ဌာနေဟိ အယျိရကံ အနုကမ္ပန္တိ – ပုဗ္ဗုဋ္ဌာယိနော စ ဟောန္တိ၊ ပစ္ဆာ နိပါတိနော စ၊ ဒိန္နာဒါယိနော စ၊ သုကတကမ္မကရာ စ၊ ကိတ္တိဝဏ္ဏဟရာ စ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ အယျိရကေန ဟေဋ္ဌိမာ ဒိသာ ဒါသကမ္မကရာ ပစ္စုပဋ္ဌိတာ ဣမေဟိ ပဉ္စဟိ ဌာနေဟိ အယျိရကံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ဟေဋ္ဌိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ။
မြန်မာပြန်
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် အောက်အရပ်မည်သော အစေအပါး အလုပ်သမားတို့ကို ပြုစုအပ်ကုန်၏။
ခွန်အားအလျောက်သာ အလုပ်ကိစ္စကို ခိုင်းစေခြင်းဖြင့်လည်းကောင်း။
ထမင်းရိက္ခာ ပေးခြင်းဖြင့်လည်းကောင်း။
မကျန်းမာသောအခါ ပြုစုခြင်းဖြင့်လည်းကောင်း။
ထူးဆန်းသော အရသာများကို ခွဲဝေပေးခြင်းဖြင့်လည်းကောင်း။
အခါအားလျော်စွာ အားလပ်ခွင့်ပေးခြင်း အဝတ်တန်ဆာ စသည်ပေးခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက်အရပ်မည်သော အစေအပါး အလုပ်သမားတို့သည် ငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။
(အရှင်၏) ရှေးဦးစွာ အိပ်ရာမှ ထလေ့ရှိကုန်၏။
(အရှင်အိပ်သည်မှ) နောက်၌ အိပ်လေ့ရှိကုန်၏။
ပေးသည်ကိုသာ ယူလေ့ရှိကုန်၏။
အမှုကိစ္စကို ကောင်းစွာ ပြုလုပ်ကုန်၏။
(အရှင်၏) ဂုဏ်သတင်းကို ဆောင်ကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်သည် ပြုစုအပ်ကုန်သော အောက်အရပ်မည်သော အစေအပါး အလုပ်သမားတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။ ဤသို့ ကောင်းစွာ ပြုစုသည်ရှိသော် ထိုအောက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
အပိုဒ် ၂၇၂
‘‘ပဉ္စဟိ ခေါ၊ ဂဟပတိပုတ္တ၊ ဌာနေဟိ ကုလပုတ္တေန ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ပစ္စုပဋ္ဌာတဗ္ဗာ – မေတ္တေန ကာယကမ္မေန မေတ္တေန ဝစီကမ္မေန မေတ္တေန မနောကမ္မေန အနာဝဋဒွါရတာယ အာမိသာနုပ္ပဒါနေန။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ကုလပုတ္တေန ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ပစ္စုပဋ္ဌိတာ ဆဟိ ဌာနေဟိ ကုလပုတ္တံ အနုကမ္ပန္တိ – ပါပါ နိဝါရေန္တိ၊ ကလျာဏေ နိဝေသေန္တိ၊ ကလျာဏေန မနသာ အနုကမ္ပန္တိ၊ အဿုတံ သာဝေန္တိ၊ သုတံ ပရိယောဒါပေန္တိ၊ သဂ္ဂဿ မဂ္ဂံ အာစိက္ခန္တိ။ ဣမေဟိ ခေါ၊ ဂဟပတိပုတ္တ၊ ပဉ္စဟိ ဌာနေဟိ ကုလပုတ္တေန ဥပရိမာ ဒိသာ သမဏဗြာဟ္မဏာ ပစ္စုပဋ္ဌိတာ ဣမေဟိ ဆဟိ ဌာနေဟိ ကုလပုတ္တံ အနုကမ္ပန္တိ။ ဧဝမဿ ဧသာ ဥပရိမာ ဒိသာ ပဋိစ္ဆန္နာ ဟောတိ ခေမာ အပ္ပဋိဘယာ’’တိ။
မြန်မာပြန်
သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့ကို ပြုစုအပ်ကုန်၏။
မေတ္တာနှင့်ယှဉ်သော ကာယကံမှုဖြင့်လည်းကောင်း။
မေတ္တာနှင့်ယှဉ်သော ဝစီကံမှုဖြင့်လည်းကောင်း။
မေတ္တာနှင့်ယှဉ်သော မနောကံမှုဖြင့်လည်းကောင်း။
(အမြဲမပြတ် လှူဒါန်းလိုသော အလောဘ) တံခါးကို ဖွင့်၍ ထားခြင်းဖြင့်လည်းကောင်း။
ဆွမ်းစသော အာမိသတို့ကို ပေးလှူခြင်းဖြင့်လည်းကောင်း (ပြုစုအပ်ကုန်၏)။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။
မကောင်းမှုမှ တားမြစ်ကုန်၏။
ကောင်းမှု၌ သက်ဝင်စေကုန်၏။
ကောင်းသော စိတ်ဖြင့် စောင့်ရှောက်ကုန်၏။
မကြားဖူးသေးသော တရားစကားကို ဟောကြားကုန်၏။
ကြားဖူးပြီးသော တရားစကားကို ဖြူစင်စေကုန်၏။
နတ်ပြည်ခရီးကို ပြောကြားကုန်၏။
သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားသည် ပြုစုအပ်ကုန်သော အထက်အရပ်မည်သော သမဏဗြာဟ္မဏတို့သည် ဤခြောက်ပါးသော အကြောင်းတို့ဖြင့် အမျိုးကောင်းသားကို စောင့်ရှောက်ကုန်၏။ ဤသို့ ပြုစုသည်ရှိသော် ဤအထက်အရပ်သည် လုံခြုံ၏၊ ငြိမ်းချမ်း၏၊ ဘေးကင်း၏။
အပိုဒ် ၂၇၃
ဣဒမဝေါစ ဘဂဝါ။ ဣဒံ ဝတွာန သုဂတော အထာပရံ ဧတဒဝေါစ သတ္ထာ –
‘‘မာတာပိတာ ဒိသာ ပုဗ္ဗာ၊ အာစရိယာ ဒက္ခိဏာ ဒိသာ။
ပုတ္တဒါရာ ဒိသာ ပစ္ဆာ၊ မိတ္တာမစ္စာ စ ဥတ္တရာ။
‘‘ဒါသကမ္မကရာ ဟေဋ္ဌာ၊ ဥဒ္ဓံ သမဏဗြာဟ္မဏာ။
ဧတာ ဒိသာ နမဿေယျ၊ အလမတ္တော ကုလေ ဂိဟီ။
‘‘ပဏ္ဍိတော သီလသမ္ပန္နော၊ သဏှော စ ပဋိဘာနဝါ။
နိဝါတဝုတ္တိ အတ္ထဒ္ဓေါ၊ တာဒိသော လဘတေ ယသံ။
‘‘ဥဋ္ဌာနကော အနလသော၊ အာပဒါသု န ဝေဓတိ။
အစ္ဆိန္နဝုတ္တိ မေဓာဝီ၊ တာဒိသော လဘတေ ယသံ။
‘‘သင်္ဂါဟကော မိတ္တကရော၊ ဝဒညူ ဝီတမစ္ဆရော။
နေတာ ဝိနေတာ အနုနေတာ၊ တာဒိသော လဘတေ ယသံ။
‘‘ဒါနဉ္စ ပေယျဝဇ္ဇဉ္စ၊ အတ္ထစရိယာ စ ယာ ဣဓ။
သမာနတ္တတာ စ ဓမ္မေသု၊ တတ္ထ တတ္ထ ယထာရဟံ။
ဧတေ ခေါ သင်္ဂဟာ လောကေ၊ ရထဿာဏီဝ ယာယတော။
‘‘ဧတေ စ သင်္ဂဟာ နာဿု၊ န မာတာ ပုတ္တကာရဏာ။
လဘေထ မာနံ ပူဇံ ဝါ၊ ပိတာ ဝါ ပုတ္တကာရဏာ။
‘‘ယသ္မာ စ သင်္ဂဟာ ဧတေ၊ သမ္မပေက္ခန္တိ ပဏ္ဍိတာ။
တသ္မာ မဟတ္တံ ပပ္ပေါန္တိ၊ ပါသံသာ စ ဘဝန္တိ တေ’’တိ။
မြန်မာပြန်
ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏၊ ကောင်းသော စကားကို ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် ဤစုဏ္ဏိယစကားကို မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကိုလည်း မိန့်တော်မူ၏ -
“အမိအဖတို့သည် အရှေ့အရပ် မည်ကုန်၏၊ ဆရာတို့သည် တောင်အရပ် မည်ကုန်၏၊ သားမယားတို့သည် အနောက်အရပ် မည်ကုန်၏၊ အဆွေခင်ပွန်းတို့သည် မြောက်အရပ် မည်ကုန်၏။
အစေအပါး အလုပ်သမားတို့သည် အောက်အရပ် မည်ကုန်၏၊ သမဏဗြာဟ္မဏတို့သည် အထက်အရပ် မည်ကုန်၏၊ အိမ်ကို အုပ်စိုး၍ နေထိုင်သော အမျိုးကောင်းသားသည် ဤအရပ်ခြောက်ပါးတို့ကို ရှိခိုးရာ၏။
အကြင်သူသည် အရပ်မျက်နှာတို့ကို ရှိခိုးခြင်း၌ အလိမ္မာ ရှိ၏၊ သီလနှင့် ပြည့်စုံ၏၊ သိမ်မွေ့ နက်နဲသော ပညာဉာဏ် ရှိ၏၊ နှိမ့်ချခြင်း ရှိ၏၊ ခက်ထန်ခြင်း မရှိ၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
(အကြင်သူသည်) ထကြွမှု ရှိ၏၊ ပျင်းရိခြင်း မရှိ၊ ဘေးရန်တို့ ဖြစ်ပေါ်လတ်သော် မတုန်လှုပ်၊ မပြတ်အားထုတ်အပ်သော အသက်မွေးမှု ရှိ၏၊ အရာအားလျော်စွာ ပညာ ရှိ၏၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
(အကြင်သူသည်) ချီးမြှောက်တတ်၏၊ အဆွေခင်ပွန်းကောင်းကို ရှာတတ်၏၊ ကျေးဇူးကို သိတတ်၏၊ ဝန်တိုမှုမရှိ၊ အကျိုးဆောင်တတ်၏၊ အကြောင်းပြ၍ ဆုံးမတတ်၏၊ ခေါင်းဆောင်တတ်၏၊ ထိုသို့သော သူသည် အကျော်အစောကို ရ၏။
ကျင့်ဝတ်တရားတို့၌ အကြင် ပေးကမ်းစွန့်ကြဲခြင်းသည်လည်းကောင်း၊ အကြင် ချစ်ဖွယ်သော စကားကို ဆိုခြင်းသည်လည်းကောင်း၊ အကြင် အကျိုးစီးပွားကို ကျင့်ဆောင်ခြင်းသည်လည်းကောင်း၊ ကိစ္စအားလျော်စွာ အကြင် မိမိနှင့် ထပ်တူညီမျှ ဆက်ဆံခြင်းသည်လည်းကောင်း ရှိ၏၊ ထိုထို ပုဂ္ဂိုလ်၌ ထိုက်သည့်အားလျော်စွာ ထို (ပေးကမ်းခြင်းစသော) သင်္ဂဟတရားတို့သည် ဤလောက၌ သွားနေသော ရထား၏ နားစောင့်ကဲ့သို့ ဖြစ်ကုန်၏။
လောက၌ ထိုသင်္ဂဟတရားတို့သည် (အကယ်၍) မရှိကုန်အံ့၊ အမိသည် သားပြုအပ်သော မြတ်နိုးခြင်းကိုလည်းကောင်း ပူဇော်ခြင်းကိုလည်းကောင်း မရရာ၊ အဖသည် သားပြုအပ်သော မြတ်နိုးခြင်းကိုလည်းကောင်း ပူဇော်ခြင်းကိုလည်းကောင်း မရရာ။
ထိုသင်္ဂဟတရားတို့ကို (ပြုအပ်၏ဟု) ပညာရှိတို့ မှတ်ယူကုန်သောကြောင့် ကြီးမြတ်သည့် အဖြစ်သို့ ရောက်ကုန်၏၊ ချီးမွမ်းလည်း ချီးမွမ်းထိုက်ကုန်၏”ဟု (မိန့်တော်မူ၏)။
အပိုဒ် ၂၇၄
ဧဝံ ဝုတ္တေ၊ သိင်္ဂါလကော ဂဟပတိပုတ္တော ဘဂဝန္တံ ဧတဒဝေါစ – ‘‘အဘိက္ကန္တံ၊ ဘန္တေ! အဘိက္ကန္တံ၊ ဘန္တေ! သေယျထာပိ၊ ဘန္တေ၊ နိက္ကုဇ္ဇိတံ ဝါ ဥက္ကုဇ္ဇေယျ၊ ပဋိစ္ဆန္နံ ဝါ ဝိဝရေယျ၊ မူဠှဿ ဝါ မဂ္ဂံ အာစိက္ခေယျ၊ အန္ဓကာရေ ဝါ တေလပဇ္ဇောတံ ဓာရေယျ ‘စက္ခုမန္တော ရူပါနိ ဒက္ခန္တီ’တိ။ ဧဝမေဝံ ဘဂဝတာ အနေကပရိယာယေန ဓမ္မော ပကာသိတော။ ဧသာဟံ၊ ဘန္တေ၊ ဘဂဝန္တံ သရဏံ ဂစ္ဆာမိ ဓမ္မဉ္စ ဘိက္ခုသံဃဉ္စ။ ဥပါသကံ မံ ဘဂဝါ ဓာရေတု၊ အဇ္ဇတဂ္ဂေ ပါဏုပေတံ သရဏံ ဂတ’’န္တိ။
မြန်မာပြန်
ဤသို့ မိန့်တော်မူသော် သူကြွယ်သား သိင်္ဂါလသည် မြတ်စွာဘုရားအား ဤစကားကို လျှောက်၏ -
“အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား (တရားတော်သည်) အလွန်နှစ်သက်ဖွယ် ရှိပါပေ၏၊ အသျှင်ဘုရား ဥပမာသော်ကား မှောက်ထားသည်ကို လှန်ဘိသကဲ့သို့လည်းကောင်း၊ ဖုံးလွှမ်းထားသည်ကို ဖွင့်လှစ်ဘိသကဲ့သို့လည်းကောင်း၊ မျက်စိလည်သော သူအား လမ်းမှန်ကို ပြောကြားဘိသကဲ့သို့လည်းကောင်း၊ ‘မျက်စိအမြင်ရှိသော သူတို့သည် အဆင်းတို့ကို မြင်ကြလိမ့်မည်’ဟု အမိုက်မှောင်၌ ဆီမီးတန်ဆောင်ကို ဆောင်ပြဘိသကဲ့သို့လည်းကောင်း (အသျှင်ဘုရား) ဤအတူသာလျှင် မြတ်စွာဘုရားသည် များစွာသော အကြောင်းဖြင့် တရားတော်ကို ပြတော်မူပါပေ၏၊ အသျှင်ဘုရား အကျွန်ုပ်သည် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ တရားတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ သံဃာတော်ကိုလည်း ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏၊ မြတ်စွာဘုရားသည် အကျွန်ုပ်ကို ယနေ့မှစ၍ အသက်ထက်ဆုံး (ဘုရား တရား သံဃာကို) ကိုးကွယ်ဆည်းကပ်သော ‘ဥပါသကာ’ဟု မှတ်တော်မူပါ”ဟူ၍ (လျှောက်ထားလေသတည်း)။
နောက်ခံ လေ့လာရန်
သိင်္ဂါလသုတ်
ဤသုတ်ကား အိမ်ရာထောင်ထား လောကီသားတို့အတွက် အလွန်အရေးကြီးသောသုတ် တစ်ခုဖြစ်သည်။ အိမ်ထောင်သည် လောကီသားတစ်ဦး၏ လိုက်နာရမည့် ပြင်ပပေါင်းသင်းဆက်ဆံရေး တာဝန်ဝတ္တရားများနှင့် အိမ်တွင်း တာဝန်ဝတ္တရားများကို ဤသိင်္ဂါလောဝါဒသုတ်တွင် မြောက်မြားစွာ ဖော်ပြထားသည်။ ထို့ကြောင့် သိင်္ဂါလောဝါဒသုတ်ကို လူဝတ်ကြောင်တို့သည် အထူးလေ့လာဆည်းပူးအပ်လှပေသည်။
ဆဋ္ဌသင်္ဂါယနာ ပါဠိတော်နှင့် တိုက်ဆိုင်ချက်
ဤစာမျက်နှာရှိ ပါဠိသည် ဆဋ္ဌသင်္ဂါယနာ ပါဠိတော် သိင်္ဂါလသုတ္တံ (ဒီဃနိကာယော၊ ပါထိကဝဂ္ဂပါဠိ) ကို ကူးယူထားခြင်း ဖြစ်ပြီး မြန်မာပြန်ကို စာပိုဒ်နံပါတ်အလိုက် တွဲဖက်ထားသည်။
ပါဠိတော်တွင် [ ] ဖြင့် ပြထားသော အခြားမူများ၏ ပါဌ်ကွဲနှင့် ကိုးကားရန် ညွှန်ပြချက်များကို ပါဠိစာသားမှ ထုတ်၍ စာပိုဒ်အလိုက် ဤတွင် ဖော်ပြထားသည် —
- အပိုဒ် ၂၄၂ — သိင်္ဂါလကော [သိဂါလကော (သီ.)]
- အပိုဒ် ၂၄၂ — ပုထုဒိသာ [ပုထုဒ္ဒိသာ (သီ. သျာ. ပီ.)]
- အပိုဒ် ၂၄၄ — ဧဝံ ဆ ဒိသာ [ဆဒ္ဒိသာ (သီ. ပီ.)]
- အပိုဒ် ၂၄၄ — ဘန္တေ၊ အရိယဿ ဝိနယေ ဆ ဒိသာ [ဆဒ္ဒိသာ (သီ. ပီ.)]
- အပိုဒ် ၂၄၄ — ယထာ အရိယဿ ဝိနယေ ဆ ဒိသာ [ဆဒ္ဒိသာ (သီ. ပီ.)]
- အပိုဒ် ၂၄၄ — ဆဒ္ဒိသာပဋိစ္ဆာဒီ [ပဋိစ္ဆာဒီ ဟောတိ (သျာ.)]
- အပိုဒ် ၂၄၅ — ဝတွာန [ဣဒံ ဝတွာ (သီ. ပီ.) ဧဝမီဒိသေသု ဌာနေသု]
- အပိုဒ် ၂၄၆ — နိဟီယတိ ယသော တဿ [တဿ ယေသော (ဗဟူသု၊ ဝိနယေပိ)]
- အပိုဒ် ၂၄၆ — အာပူရတိ ယသော တဿ [တဿ ယေသော (ဗဟူသု၊ ဝိနယေပိ)]
- အပိုဒ် ၂၄၆ — သုက္ကပက္ခေဝ [ဇုဏှပက္ခေဝ (က.)]
- အပိုဒ် ၂၄၇ — အာလသျာနုယောဂေါ [အာလသာနုယောဂေါ (သီ. သျာ. ပီ.)]
- အပိုဒ် ၂၄၈ — ဓနဇာနိ [ဓနဉ္ဇာနိ (သီ. ပီ.)]
- အပိုဒ် ၂၄၉ — ဌာနေသု [တေသု တေသု ဌာနေသု (သျာ.)]
- အပိုဒ် ၂၅၀ — သမဇ္ဇာဘိစရဏေ။ ကွ [ကုဝံ (က. သီ. ပီ.)]
- အပိုဒ် ၂၅၁ — သဘာဂတဿ [သဘာယေ တဿ (က.)]
- အပိုဒ် ၂၅၃ — ဝေရပ္ပသဝေါ [ဝေရပ္ပသင်္ဂေါ (သီ. သျာ. ပီ.)]
- အပိုဒ် ၂၅၃ — ဝုဒ္ဓသေဝီ [ဝုဒ္ဓိသေဝီ (သျာ.)၊ ဗုဒ္ဓိသေဝီ (က.)]
- အပိုဒ် ၂၅၃ — ပပါဂတော [ပိပါသောသိ အတ္ထပါဂတော (သျာ.)၊ ပိပါသောပိ သမပ္ပပါဂတော (က.)]
- အပိုဒ် ၂၅၃ — အကုလံ [အာကုလံ (သျာ. က.)]
- အပိုဒ် ၂၅၃ — ရတ္တိမုဋ္ဌာနဒေဿိနာ [ရတ္တိနုဋ္ဌာနဒဿိနာ (သီ. ပီ.)၊ ရတ္တိနုဋ္ဌာနသီလိနာ (?)]
- အပိုဒ် ၂၅၃ — သုခံ [သုခါ (သဗ္ဗတ္ထ) အဋ္ဌကထာ ဩလောကေတဗ္ဗာ]
- အပိုဒ် ၂၅၆ — အတီတေန ပဋိသန္ထရတိ [ပဋိသန္ဓရတိ (က.)]
- အပိုဒ် ၂၅၇ — ပါပကံပိဿ [ပါပကမ္မံပိဿ (သျာ.)]
- အပိုဒ် ၂၅၉ — ဝစီပရော [ဝစီပရမော (သျာ.)]
- အပိုဒ် ၂၆၀ — ဥပကာရော [ဥပကာရကော (သျာ.)]
- အပိုဒ် ၂၆၅ — ဒုက္ခေ [သုခဒုက္ခေါ (သျာ. က.)]
- အပိုဒ် ၂၆၅ — သခါ [ယော စ မိတ္တော သုခေ ဒုက္ခေ (သီ. ပီ.)]
- အပိုဒ် ၂၆၅ — သမာဟတွာ [သမာဟရိတွာ (သျာ.)]
- အပိုဒ် ၂၆၇ — ဘတော နေ [နေသံ (ဗဟူသု)]
- အပိုဒ် ၂၆၇ — နိယျာဒေန္တိ [နိယျာတေန္တိ (က. သီ.)]
- အပိုဒ် ၂၆၈ — သိပ္ပပဋိဂ္ဂဟဏေန [သိပ္ပံ ပဋိဂ္ဂဟဏေန (သျာ.)၊ သိပ္ပဥဂ္ဂဟဏေန (က.)]
- အပိုဒ် ၂၆၈ — ပဋိယာဒေန္တိ [ပဋိဝေဒေန္တိ (သျာ.)]
- အပိုဒ် ၂၆၉ — အနဝမာနနာယ [အဝိမာနနာယ (သျာ. ပီ.)]
- အပိုဒ် ၂၆၉ — သင်္ဂဟိတပရိဇနာ [သုသင်္ဂဟိတပရိဇနာ (သီ. သျာ. ပီ.)]
- အပိုဒ် ၂၇၀ — ပေယျဝဇ္ဇေန [ဝိယဝဇ္ဇေန (သျာ. က.)]
- အပိုဒ် ၂၇၁ — ဂဟပတိပုတ္တ၊ ဌာနေဟိ အယျိရကေန [အယိရကေန (သီ. သျာ. ပီ.)]
- အပိုဒ် ၂၇၃ — ယသ္မာ စ သင်္ဂဟာ [သင်္ဂဟေ (က.) အဋ္ဌကထာယံ ဣစ္ဆိတပါဌော]
- အပိုဒ် ၂၇၃ — သမ္မပေက္ခန္တိ [သမဝေက္ခန္တိ (သီ. ပီ. က.)]
- နိဂုံး ပါဠိ — သိင်္ဂါလသုတ္တံ [သိင်္ဂါလောဝါဒသုတ္တန္တံ (ပီ.)]
စာလုံးပေါင်း အမှား စသည်တို့ကို ပြင်ဆင်ထားပြီး အောက်ခြေ မူရင်းအပိုင်းတွင် ဖော်ပြထားသည်။
မူရင်း: ဝီကီရင်းမြစ် (my.wikisource.org) — ပါထိက ပါဠိတော်၊ ၈-သိင်္ဂါလသုတ် (ရေးသားသူ — သာသနာရေးဦးစီးဌာန) · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့
မူရင်း: Vipassana Research Institute (tipitaka.org) — သိင်္ဂါလသုတ္တံ (ဒီဃနိကာယော၊ ပါထိကဝဂ္ဂပါဠိ) · လိုင်စင် Free for non-commercial use, with attribution to the Vipassana Research Institute · ရယူသည့်နေ့
မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — သိင်္ဂါလသုတ် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့
နောက်ခံ လေ့လာရန် အပိုင်းသည် ဝီကီပီးဒီးယား စာမျက်နှာမှ အပိုင်းအချို့ကို ကောက်နုတ်ဖော်ပြခြင်း ဖြစ်သည်။ စာလုံးပေါင်း အမှားနှင့် ကျန်ခဲ့သော စကားလုံး စသည်ဖြင့် စာသား ၁၅၅ နေရာကို ပြင်ဆင်ထားပြီး အောက်တွင် စာရင်းပြုထားသည်။ ဤမှအပ စာသားကို မပြင်ထားပါ။
စာသား ပြင်ဆင်ချက် (၁၂၃)
- ရှိခိုးပါ၏ဟု (လျှောက်၏)။ အရပ်ခြောက်မျက်နှာ → ရှိခိုးပါ၏ဟု (လျှောက်၏)။ (အပိုဒ် ၂၄၃၊ မြန်မာပြန်)
- များ စွာသော → များစွာသော (အပိုဒ် ၂၄၃၊ မြန်မာပြန်)
- အောက် အရပ် → အောက်အရပ် (အပိုဒ် ၂၄၃၊ မြန်မာပြန်)
- (မိန့်တော် မူ၏) → (မိန့်တော်မူ၏) (အပိုဒ် ၂၄၃၊ မြန်မာပြန်)
- အရပ်မျက်နှာ တို့ကို → အရပ်မျက်နှာတို့ကို (အပိုဒ် ၂၄၃၊ မြန်မာပြန်)
- စိုသော အဝတ်စိုသော ဆံပင်ရှိသည် ဖြစ်၍ → စိုသော အဝတ် စိုသော ဆံပင်ရှိသည်ဖြစ်၍ (အပိုဒ် ၂၄၃၊ မြန်မာပြန်)
- အရပ်ခြောက်ပါး တို့ကို → အရပ်ခြောက်ပါးတို့ကို (အပိုဒ် ၂၄၄၊ မြန်မာပြန်၊ ၂ ကြိမ်)
- ခန္ဓာ ကိုယ်ပျက်စီး၍ → ခန္ဓာကိုယ်ပျက်စီး၍ (အပိုဒ် ၂၄၄၊ မြန်မာပြန်)
- “ သူကြွယ်သား → “သူကြွယ်သား (အပိုဒ် ၂၄၅၊ မြန်မာပြန်)
- ကံလေးပါး တို့ကို → ကံလေးပါးတို့ကို (အပိုဒ် ၂၄၅၊ မြန်မာပြန်)
- မိန့်တော် မူပြီး၍ → မိန့်တော်မူပြီး၍ (အပိုဒ် ၂၄၅၊ မြန်မာပြန်)
- ယူခြင်းကိုလည်း ကောင်း → ယူခြင်းကိုလည်းကောင်း (အပိုဒ် ၂၄၅၊ မြန်မာပြန်)
- သွားလာခြင်း ကိုလည်းကောင်း → သွားလာခြင်းကိုလည်းကောင်း (အပိုဒ် ၂၄၅၊ မြန်မာပြန်)
- (ထိုညစ်ညူးသောကံ နှင့် → (ထိုညစ်ညူးသောကံနှင့် (အပိုဒ် ၂၄၅၊ မြန်မာပြန်)
- မလိုက်အပ်သည် ‘သို့လိုက်၍ → မလိုက်အပ်သည်’သို့လိုက်၍ (အပိုဒ် ၂၄၆၊ မြန်မာပြန်၊ ၃ ကြိမ်)
- ဘယာ ဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည် ‘သို့ လိုက်၍ → ဘယာဂတိ ‘ကြောက်သဖြင့် မလိုက်အပ်သည်’သို့လိုက်၍ (အပိုဒ် ၂၄၆၊ မြန်မာပြန်)
- မိန့်တော် မူပြီး၍ → မိန့်တော်မူပြီး၍ (အပိုဒ် ၂၄၆၊ မြန်မာပြန်)
- မုန်းခြင်းကြောင့် လည်းကောင်း → မုန်းခြင်းကြောင့်လည်းကောင်း (အပိုဒ် ၂၄၆၊ မြန်မာပြန်)
- လဆုတ် ပက္ခ၌ → လဆုတ်ပက္ခ၌ (အပိုဒ် ၂၄၆၊ မြန်မာပြန်)
- ကြောက်ခြင်းကြောင့်လည်းကောင်း မသိခြင်းကြောင့်လည်းကောင်း → ကြောက်ခြင်းကြောင့်လည်းကောင်း၊ မသိခြင်းကြောင့်လည်းကောင်း (အပိုဒ် ၂၄၆၊ မြန်မာပြန်)
- လွန်ကျူး ၍ → လွန်ကျူး၍ (အပိုဒ် ၂၄၆၊ မြန်မာပြန်)
- မမှီဝဲသနည်း ဟူမူ → မမှီဝဲသနည်းဟူမူ (အပိုဒ် ၂၄၇၊ မြန်မာပြန်)
- စည်းစိမ် ပျက်ကြောင်းတည်း → စည်းစိမ်ပျက်ကြောင်းတည်း (အပိုဒ် ၂၄၇၊ မြန်မာပြန်)
- အားနည်း သည်ကို → အားနည်းသည်ကို (အပိုဒ် ၂၄၈၊ မြန်မာပြန်)
- သားမယားတို့သည် လည်း → သားမယားတို့သည်လည်း (အပိုဒ် ၂၄၉၊ မြန်မာပြန်)
- အစောင့်အ ရှောက်ကင်း၏ → အစောင့်အရှောက်ကင်း၏ (အပိုဒ် ၂၄၉၊ မြန်မာပြန်)
- မဟုတ် မမှန် စွပ်စွဲသော → မဟုတ်မမှန် စွပ်စွဲသော (အပိုဒ် ၂၄၉၊ မြန်မာပြန်)
- ဤခြောက်ပါးတို့ တည်း → ဤခြောက်ပါးတို့တည်း (အပိုဒ် ၂၅၀၊ မြန်မာပြန်)
- မေ့လျော့ကြောင်းသော လောင်းကစား → မေ့လျော့ကြောင်းဖြစ်သော လောင်းကစား (အပိုဒ် ၂၅၁၊ မြန်မာပြန်)
- အကြင် သူတို့သည် → အကြင်သူတို့သည် (အပိုဒ် ၂၅၂၊ မြန်မာပြန်)
- အကြင်သူတို့ သည် မာယာဖြင့် → အကြင်သူတို့သည် မာယာဖြင့် (အပိုဒ် ၂၅၂၊ မြန်မာပြန်)
- ထိုသူတို့ သည်သာလျှင် → ထိုသူတို့သည်သာလျှင် (အပိုဒ် ၂၅၂၊ မြန်မာပြန်)
- အဆွေ ခင်ပွန်း ပြုလေ့ရှိခြင်း → အဆွေခင်ပွန်း ပြုလေ့ရှိခြင်း (အပိုဒ် ၂၅၂၊ မြန်မာပြန်)
- ဝလွန်း သည်ဟု → ဝလွန်းသည်ဟု (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- မိန့်တော် မူပြီး၍ ဤဂါထာစကားကို → မိန့်တော်မူပြီး၍ ထိုမှတစ်ပါး ဤဂါထာစကားကို (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- မျက် ကွယ်၌ → မျက်ကွယ်၌ (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- အကျိုးမဲ့ပြု ခြင်းလည်းကောင်း → အကျိုးမဲ့ပြုခြင်းလည်းကောင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- မကောင်းသော အဆွေ ခင်ပွန်းရှိခြင်း → မကောင်းသော အဆွေခင်ပွန်းရှိခြင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ဤအကြောင်းခြောက်ပါး တို့သည် → ဤအကြောင်းခြောက်ပါးတို့သည် (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- မကောင်းသော အပေါင်း အဖော်ရှိသူ → မကောင်းသော အပေါင်းအဖော်ရှိသူ (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- တမလွန်လောကမှ လည်းကောင်း → တမလွန်လောကမှလည်းကောင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ကြည့်ရှုနား ထောင်လေ့ ရှိခြင်း → ကြည့်ရှုနားထောင်လေ့ရှိခြင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ခရီးသွားလာလေ့ ရှိခြင်း → ခရီးသွားလာလေ့ရှိခြင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- အလွန်စေးနှဲှခြင်း → အလွန်စေးနှဲခြင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ဖျက် ဆီးတတ် → ဖျက်ဆီးတတ် (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ကြွေအန်တို့ ဖြင့် → ကြွေအန်တို့ဖြင့် (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- မှီဝဲအပ် ကုန်သော → မှီဝဲအပ်ကုန်သော (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ကာမဂုဏ်လိုက် စားသော → ကာမဂုဏ်လိုက်စားသော (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- သွား ကုန်၏ → သွားကုန်၏ (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- မြက် ထက်လွန်၍ → မြက်ထက်လွန်၍ (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- စီးပွားချမ်းသာ ကို → စီးပွားချမ်းသာကို (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- နှုတ်မျှ ဖြင့်သာလျှင် → နှုတ်မျှဖြင့်သာလျှင် (အပိုဒ် ၂၅၄၊ မြန်မာပြန်)
- အချည်းနှီးလော ကွတ်မျှဖြင့် → အချည်းနှီးလောကွတ်မျှဖြင့် (အပိုဒ် ၂၅၆၊ မြန်မာပြန်)
- မိတ်ဆွေ တုကို → မိတ်ဆွေတုကို (အပိုဒ် ၂၅၇၊ မြန်မာပြန်)
- ဖြစ်၏၊့မေ့လျော့ကြောင်း → ဖြစ်၏၊ မေ့လျော့ကြောင်း (အပိုဒ် ၂၅၈၊ မြန်မာပြန်)
- မိတ်ဆွေ တုကို → မိတ်ဆွေတုကို (အပိုဒ် ၂၅၈၊ မြန်မာပြန်)
- သိအပ်၏၊ ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ → သိအပ်၏။ (အပိုဒ် ၂၅၈၊ မြန်မာပြန်)
- ကောင်းသော စကားကို ဆိုတော်မူတတ်သော → ဤစကားကို မြတ်စွာဘုရားသည် မိန့်တော်မူ၏။ ကောင်းသော စကားကို ဆိုတော်မူတတ်သော (အပိုဒ် ၂၅၉၊ မြန်မာပြန်)
- “ အကြင် → “အကြင် (အပိုဒ် ၂၅၉၊ မြန်မာပြန်)
- နှုတ် မျှဖြင့် → နှုတ်မျှဖြင့် (အပိုဒ် ၂၅၉၊ မြန်မာပြန်)
- ပြောဆို တတ်၏ → ပြောဆိုတတ်၏ (အပိုဒ် ၂၅၉၊ မြန်မာပြန်)
- သိအပ် ကုန်၏ → သိအပ်ကုန်၏ (အပိုဒ် ၂၆၀၊ မြန်မာပြန်)
- မိတ်ဆွေစစ်ကို သိအပ်၏၊ → မိတ်ဆွေစစ်ကို သိအပ်၏။ (အပိုဒ် ၂၆၁၊ မြန်မာပြန်)
- မိန့် တော်မူ၏ - → မိန့်တော်မူ၏ - (အပိုဒ် ၂၆၅၊ မြန်မာပြန်)
- “ (သူကြွယ်သား) → “(သူကြွယ်သား) (အပိုဒ် ၂၆၅၊ မြန်မာပြန်)
- မိတ်ဆွေ သည် → မိတ်ဆွေသည် (အပိုဒ် ၂၆၅၊ မြန်မာပြန်)
- သူတစ်ပါးကို လည်းကောင်း → သူတစ်ပါးကိုလည်းကောင်း (အပိုဒ် ၂၆၅၊ မြန်မာပြန်)
- မိတ်ဧဆွခင်ပွန်းတို့ကို → မိတ်ဆွေခင်ပွန်းတို့ကို (အပိုဒ် ၂၆၅၊ မြန်မာပြန်)
- ဖြစ်လတ ္တံ့ဟု → ဖြစ်လတ္တံ့ဟု (အပိုဒ် ၂၆၅၊ မြန်မာပြန်)
- သူကြွယ် သား → သူကြွယ်သား (အပိုဒ် ၂၆၆၊ မြန်မာပြန်)
- မိဘ တို့ကို → မိဘတို့ကို (အပိုဒ် ၂၆၇၊ မြန်မာပြန်)
- ပြု ခြင်းဖြင့် → ပြုခြင်းဖြင့် (အပိုဒ် ၂၆၇၊ မြန်မာပြန်)
- အရှေ့ အရပ်မည်သော → အရှေ့အရပ်မည်သော (အပိုဒ် ၂၆၇၊ မြန်မာပြန်)
- ထို သားသမီးသည် → ထိုသားသမီးသည် (အပိုဒ် ၂၆၇၊ မြန်မာပြန်)
- အရိုအသေလုပ်ကျွေးခြင်းဖြင့်လည်းကောင်း → အရိုအသေလုပ်ကျွေးခြင်းဖြင့်လည်းကောင်း၊ (အပိုဒ် ၂၆၈၊ မြန်မာပြန်)
- တောင် အရပ်မည်သော → တောင်အရပ်မည်သော (အပိုဒ် ၂၆၈၊ မြန်မာပြန်)
- ထို တပည့်သည် → ထိုတပည့်သည် (အပိုဒ် ၂၆၈၊ မြန်မာပြန်)
- စောင့် ရှောက်ကုန်၏ → စောင့်ရှောက်ကုန်၏ (အပိုဒ် ၂၇၀၊ မြန်မာပြန်)
- မစွန့်ပစ် ကုန်။ → မစွန့်ပစ်ကုန်။ (အပိုဒ် ၂၇၀၊ မြန်မာပြန်)
- (ပြုစုအပ် ကုန်၏) → (ပြုစုအပ်ကုန်၏) (အပိုဒ် ၂၇၁၊ မြန်မာပြန်)
- စောင့်ရှောက် ကုန်၏ → စောင့်ရှောက်ကုန်၏ (အပိုဒ် ၂၇၁၊ မြန်မာပြန်)
- အောက် အရပ်မည်သော → အောက်အရပ်မည်သော (အပိုဒ် ၂၇၁၊ မြန်မာပြန်)
- အလုပ်သမားတို့သည် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။ → အလုပ်သမားတို့သည် ဤငါးပါးသော အကြောင်းတို့ဖြင့် အရှင်သခင်ကို စောင့်ရှောက်ကုန်၏။ (အပိုဒ် ၂၇၁၊ မြန်မာပြန်)
- ပေးလှူ ခြင်းဖြင့် → ပေးလှူခြင်းဖြင့် (အပိုဒ် ၂၇၂၊ မြန်မာပြန်)
- အမျိုးကောင်း သားကို → အမျိုးကောင်းသားကို (အပိုဒ် ၂၇၂၊ မြန်မာပြန်)
- ဆိုတော်မူတတ်သောမြတ်စွာဘုရားသည် → ဆိုတော်မူတတ်သော မြတ်စွာဘုရားသည် (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- တောင်အရပ် မည် ကုန်၏ → တောင်အရပ် မည်ကုန်၏ (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- သမဏ ဗြာဟ္မဏတို့ သည် → သမဏဗြာဟ္မဏတို့သည် (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- အမျိုးကောင်းသား သည် → အမျိုးကောင်းသားသည် (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- ဆုံးမ တတ်၏ → ဆုံးမတတ်၏ (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- ကျင့် ဆောင်ခြင်း → ကျင့်ဆောင်ခြင်း (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- ဆက်ဆံ ခြင်းသည်လည်းကောင်း → ဆက်ဆံခြင်းသည်လည်းကောင်း (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- (ပေးကမ်း ခြင်းစသော) → (ပေးကမ်းခြင်းစသော) (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- နားစောင့် ကဲ့သို့ → နားစောင့်ကဲ့သို့ (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- အဖ သည် → အဖသည် (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- မရ ရာ။ → မရရာ။ (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- ကြီး မြတ်သည့် → ကြီးမြတ်သည့် (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- (မိန့် တော်မူ၏) → (မိန့်တော်မူ၏) (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- (တရားတော် သည်) → (တရားတော်သည်) (အပိုဒ် ၂၇၄၊ မြန်မာပြန်)
- လှန်ဘိသကဲ့ သို့လည်းကောင်း → လှန်ဘိသကဲ့သို့လည်းကောင်း (အပိုဒ် ၂၇၄၊ မြန်မာပြန်)
- မြင်ကြ လိမ့်မည် → မြင်ကြလိမ့်မည် (အပိုဒ် ၂၇၄၊ မြန်မာပြန်)
- အသျှင် ဘုရား → အသျှင်ဘုရား (အပိုဒ် ၂၇၄၊ မြန်မာပြန်)
- မြတ်စွာဘုရား သည် → မြတ်စွာဘုရားသည် (အပိုဒ် ၂၇၄၊ မြန်မာပြန်)
- သေရည် သေရက်သောက်လေ့ရှိခြင်းလည်းကောင်း → သေရည် သေရက် သောက်လေ့ရှိခြင်းလည်းကောင်း (အပိုဒ် ၂၅၃၊ မြန်မာပြန်)
- ထို (အရိယာသာဝက) သည် ဤသို့ → ထို (အရိယာသာဝက)သည် ဤသို့ (အပိုဒ် ၂၄၄၊ မြန်မာပြန်)
- အပေါင်းအဖေါ် → အပေါင်းအဖော် (အပိုဒ် ၂၅၉၊ မြန်မာပြန်)
- အကြင်အကျိုးစီးပွားကို → အကြင် အကျိုးစီးပွားကို (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- သား ပြုအပ်သော → သားပြုအပ်သော (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော → သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် သားသမီးသည် ပြုစုလုပ်ကျွေးအပ်ကုန်သော (အပိုဒ် ၂၆၇၊ မြန်မာပြန်)
- သူကြွယ်သား ငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ပြုစုလုပ်ကျွေးအပ်ကုန်သော → သူကြွယ်သား ဤငါးပါးသော အကြောင်းတို့ဖြင့် တပည့်သည် ပြုစုလုပ်ကျွေးအပ်ကုန်သော (အပိုဒ် ၂၆၈၊ မြန်မာပြန်)
- ပိဋကတော်တလျှောက်လုံးတွင် ဤအိမ်ရာထူထောင်သည့် လောကီသားလူဝတ်ကြောင်တို့အဖို့ ဟောကြားခဲ့သောသုတ်များကား အလွန်ရှားပါးလှရာ ထိုရှားပါးလှသော သုတ်များအနက် ဤသိင်္ဂါလောဝါဒသုတ်သည် တစ်ခုအပါအဝင် ဖြစ်သည်။ လောကီသား လူဝတ်ကြောင်တို့အတွက် ဘုရားမြတ်စွာက ဩဝါဒမပေးခဲ့ သွန်သင်ချက် မထားခဲ့သောကြောင့်မဟုတ်ပေ။ ဘုရားမြတ်စွာ၏ သွန်သင်ချက် ဩဝါဒများကို စုဆောင်းသောပုဂ္ဂိုလ်များက လူဝတ်ကြောင်တို့နှင့် ပတ်သက်သော ညွှန်ကြားချက်များကို ရဟန်းတော်တို့အတွက် သွန်သင်ချက်များကဲ့သို့ ဂရုတစိုက်သိုမှီးခြင်း၊ စုဆောင်းခြင်း မပြုခဲ့ကြသောကြောင့်သာ ဖြစ်ဟန်တူသည်။ → (နောက်ခံ)
- ခရီး သွားလာခြင်း → ခရီးသွားလာခြင်း (အပိုဒ် ၂၅၈၊ မြန်မာပြန်)
- စိတ်နှလုံး ရှိသော → စိတ်နှလုံးရှိသော (အပိုဒ် ၂၆၁၊ မြန်မာပြန်)
- စိတ်နှလုံး ရှိသော → စိတ်နှလုံးရှိသော (အပိုဒ် ၂၆၄၊ မြန်မာပြန်)
- လုံခြုံစေသနည်း ဟူမူ- → လုံခြုံစေသနည်းဟူမူ- (အပိုဒ် ၂၆၆၊ မြန်မာပြန်)
- တောင်အရပ် မည်သော → တောင်အရပ်မည်သော (အပိုဒ် ၂၆၈၊ မြန်မာပြန်)
- တို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေ → တို့ဖြင့် ပျက်စီးကြောင်း၌ အပေါင်းအဖော်ဖြစ်သော မိတ်ဆွေစစ် မဟုတ်သော မိတ်ဆွေ (အပိုဒ် ၂၅၈၊ မြန်မာပြန်)
- အောက်အရပ် မည်သော → အောက်အရပ်မည်သော (အပိုဒ် ၂၇၁၊ မြန်မာပြန်)
- အထက်အရပ် မည်သော → အထက်အရပ်မည်သော (အပိုဒ် ၂၇၂၊ မြန်မာပြန်)
- ထားခြင်းဖြင့်လည်းကောင်း၊ → ထားခြင်းဖြင့်လည်းကောင်း။ (အပိုဒ် ၂၇၂၊ မြန်မာပြန်)
- အကြင်မိမိနှင့် → အကြင် မိမိနှင့် (အပိုဒ် ၂၇၃၊ မြန်မာပြန်)
- ဒာ → ဒါ (ပါဠိ၊ ၃၀ ကြိမ်) — VRI မူတွင် ဒ နောက်၌ ရေးချ ဖြင့် ‘ဒာ’ ဟု ရေးထားရာ ‘အ’ ဟု မှားဖတ်နိုင်သဖြင့် မြန်မာ စာလုံးပေါင်းအတိုင်း မောက်ချ ဖြင့် ‘ဒါ’ ဟု ပြထားသည်။ အသံနှင့် အဓိပ္ပာယ် မပြောင်းပါ။
- ဒွာ → ဒွါ (ပါဠိ) — VRI မူတွင် ဒွ နောက်၌ ရေးချ ဖြင့် ‘ဒွာ’ ဟု ရေးထားရာ ‘အွ’ ဟု မှားဖတ်နိုင်သဖြင့် မြန်မာ စာလုံးပေါင်းအတိုင်း (ဒွါရ ကဲ့သို့) မောက်ချ ဖြင့် ‘ဒွါ’ ဟု ပြထားသည်။ အသံနှင့် အဓိပ္ပာယ် မပြောင်းပါ။