ဓမ္မဒါန

သံဃာဂုဏ်တော် ၉ ပါး

ပါဠိ

သုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

အသံထွက်: သုပ်ပတိပန်နော ဘဂဝတော သာဝကသံဃော

ဥဇုပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

အသံထွက်: အုဇုပ်ပတိပန်နော ဘဂဝတော သာဝက သံဃော

ဉာယပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

အသံထွက်: ညာယပ်ပတိပန်နော ဘဂဝတော သာဝက သံဃော၊

သာမီစိပ္ပဋိပန္နော ဘဂဝတော သာဝကသံဃော၊

အသံထွက်: သာမီစိပ်ပတိပန်နော ဘဂဝတော သာဝက သံဃော

ယဒိဒံ စတ္တာရိ ပုရိသယုဂါနိ၊

အသံထွက်: ယဒိဒံ စတ်တာရိ ပုရိသ-ယုဂါနိ

အဋ္ဌ ပုရိသပုဂ္ဂလာ၊

အသံထွက်: အတ်ထ ပုရိသ-ပုတ်ဂလာ

ဧသ ဘဂဝတော သာဝကသံဃော၊

အသံထွက်: အေသ ဘဂဝတော သာဝကသံဃော

အာဟုနေယျော ပါဟုနေယျော၊

အသံထွက်: အာဟုနေယော, ပါဟုနေယော

ဒက္ခိဏေယျော အဉ္ဇလိကရဏီယော၊

အသံထွက်: ဒက်ခိဏေယျော၊ အင်ဇလိ ကရဏီယော

အနုတ္တရံ ပုညက္ခေတ္တံ လောကဿာတိ။

အသံထွက်: အနုတ်တရံ ပုန်ညက်ခစ်တံ လောကတ် သာ”တိ

အနက် — မဟာစည်ဆရာတော်ကြီး၏ မြန်မာပြန်

ဘဂဝတော - မြတ်စွာဘုရားရှင်၏၊ သာဝကသံဃော- တပည့်သားဖြစ်သော အရိယာသံဃာတော်အပေါင်း (နှင့် အရိယာနွယ်ဝင် သံဃာတော်အပေါင်း)သည် ---

  1. ၁

    သုပ္ပဋိပန္နော

    (လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း သီလ၊ သမာဓိ၊ ပညာ အကျင့်ကောင်းကို) ကောင်းစွာ ကျင့်တော်မူသော သံဃာတော်။

  2. ၂

    ဥဇုပ္ပဋိပန္နော

    ကိလေသာအကောက်ကင်းရန် ဖြောင့်မှန်စွာ ကျင့်တော်မူသော သံဃာတော်။

  3. ၃

    ဉာယပ္ပဋိပန္နော

    ဆင်းရဲငြိမ်းရန် နိဗ္ဗာန်အလို့ငှာ သင့်လျော်စွာကျင့်တော်မူသော သံဃာတော်။

  4. ၄

    သာမီစိပ္ပဋိပန္နော

    သူများကပြုသည့် ရိုသေမှုနှင့် သင့်တင့်ထိုက်တန်အောင် ကျင့်ကြံတော်မူသော သံဃာတော်။

  5. ၅

    အာဟုနေယျော

    ရပ်ဝေးမှပင် ဆောင်ယူလာ၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်။

  6. ၆

    ပါဟုနေယျော

    ချစ်မြတ်နိုးအပ်သည့် ဧည့်သည်များ အတွက် အထူးပြုပြင်ထားသော စားကောင်းသောက်ဖွယ် ကိုပင် ပေးလှူပူဇော်ထိုက်သော သံဃာတော်။

  7. ၇

    ဒက္ခိဏေယျော

    နောင်တမလွန်လောက၌ ကောင်းကျိုးရမည်ဟု ယုံကြည်၍ ပေးလှူသည်ကို ခံယူတော်မူထိုက်သော သံဃာတော်။

  8. ၈

    အဉ္ဇလိကရဏီယော

    ကောင်းကျိုးချမ်းသာ မှန်စွာ ရမည်ဟု ယုံကြည်မျှော်ကိုးလျက် လက်အုပ်မိုး၍ ရှိခိုးထိုက်သော သံဃာတော်။

  9. ၉

    အနုတ္တရံ ပုညက္ခေတ္တံ လောကဿ

    ကောင်းမှုမျိုးကို စိုက်ပျိုးရန်အလို့ငှာ သတ္တဝါအပေါင်း၏ အကောင်းဆုံးလယ်ယာမြေဖြစ်တော်မူသော သံဃာတော်။

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဓဇဂ္ဂသုတ် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — သံဃာဂုဏ်တော် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

စာလုံးပေါင်း အမှားနှင့် ကျန်ခဲ့သော စကားလုံး စသည်ဖြင့် စာသား ၁၁ နေရာကို ပြင်ဆင်ထားပြီး အောက်တွင် စာရင်းပြုထားသည်။ ဤမှအပ စာသားကို မပြင်ထားပါ။

စာသား ပြင်ဆင်ချက် (၁၁)
  • ဘဂဝါတော → ဘဂဝတော (ပါဠိ)
  • သာဝကသံဃာ → သာဝကသံဃော (အသံထွက်)
  • သံယော → သံဃော (အသံထွက်)
  • အစ်ဇလိ → အင်ဇလိ (အသံထွက်)
  • ဒက်ခိဏေယျော၊အင်ဇလိ → ဒက်ခိဏေယျော၊ အင်ဇလိ (အသံထွက်)
  • လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း → (လောဘ၊ ဒေါသ၊ မောဟကင်းကြောင်း (အနက်)
  • သာမိစိပ္ပဋိပန္နော → သာမီစိပ္ပဋိပန္နော (ဂုဏ်တော်)
  • ခံယူတော်မူထိုက်သော သံဃာတော် → ခံယူတော်မူထိုက်သော သံဃာတော်။ (အနက်)
  • အဉ္စလိကရဏီယျော → အဉ္ဇလိကရဏီယော (ဂုဏ်တော်)
  • မျှော်ကိုးလျှက် → မျှော်ကိုးလျက် (အနက်)
  • ပုညက္ခေတံ → ပုညက္ခေတ္တံ (ဂုဏ်တော်)