ဘုရားရှိခိုး

ဗုဒ္ဓဘာသာဝင်တစ်ဦးရဲ့ နေ့စဉ်လုပ်ငန်းမှာ ငါးပါးသီလခံပြီးရင် ဘုရားရှိခိုးရပါတယ်။ ဘုရားရှိခိုးတယ် ဆိုပေမယ့် ဘုရားရော၊ တရားရော၊ သံဃာရော ရတနာသုံးပါးကို ရှိခိုးကြပါတယ်။ ဒါကြောင့် ဘုရားရှိခိုးစကတည်းက

ဗုဒ္ဓံပူဇေမိ = ဘုရား ကို ပူဇော်ပါ၏၊

ဓမ္မံပူဇေမိ = တရားတော် ကို ရှိခိုးပူဇော်ပါ၏၊

သံဃံပူဇေမိ = သံဃာ တော်မြတ်ကို ရှိခိုးပူဇော်ပါ၏လို့ ရတနာသုံးပါးကို ရှိခိုးကြတာ ဖြစ်ပါတယ်။

ခေတ်အဆက်ဆက်မှာ ရေးခဲ့ကြတဲ့ ဘုရားရှိခိုးစာအုပ်တွေမှာတော့ ဘုရားဂုဏ်တော်တွေကို ဖော်ကျူးတဲ့ ဘုရားဂုဏ်တော်ဖွင့်တွေက များပါတယ်။ တရားတော်နဲ့ သံဃာတော်ရဲ့ ဂုဏ်တော်တွေကို ဖော်ကျူးတဲ့ တရား၊ သံဃာ ဂုဏ်တော်ဖွင့်တွေလဲ အနည်းအကျဉ်းတော့ ပါပါတယ်။ ဒါကြောင့် ဘုရားရှိခိုးဆိုတာ ရတနာသုံးပါးကို ရှိခိုးပူဇော်တာလို့ မှတ်နိုင်ပါတယ်။

ပါဠိ

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ။

အနက်

  1. ၁

    ဘဂဝတော (ဘဂဝါ ဂုဏ်တော်၏ အနက်)

    ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။

  2. ၂

    အရဟတော (အရဟံ ဂုဏ်တော်၏ အနက်)

    ကိလေသာ ကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာ တို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာ (စိတ်ကွယ်ရာ)အရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။

  3. ၃

    သမ္မာသမ္ဗုဒ္ဓဿ (သမ္မာသမ္ဗုဒ္ဓေါ ဂုဏ်တော်၏ အနက်)

    တရားအလုံးစုံကို သဗ္ဗညုတဉာဏ် ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။

မူရင်း: Vipassana Research Institute (tipitaka.org) — ဓနဉ္ဇာနီသုတ္တံ (သံယုတ္တနိကာယော၊ သဂါထာဝဂ္ဂေါ၊ ဗြာဟ္မဏသံယုတ္တံ) · လိုင်စင် Free for non-commercial use, with attribution to the Vipassana Research Institute · ရယူသည့်နေ့

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဘုရားဂုဏ်တော် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဘုရားရှိခိုးခြင်း · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့

ပါဠိတော်တွင် ဓနဉ္ဇာနီ ဗြာဟ္မဏီ၏ စကားအဖြစ် ‘‘…’’ ကိုးကားအမှတ်အသားကြား၌ ပါပြီး တတိယအကြိမ်သည် “…သမ္မာသမ္ဗုဒ္ဓဿာ’’တိ” ဟု ဆုံးသည်။ ရွတ်ဆိုရန် ကိုးကားအမှတ်အသားနှင့် “တိ” ကို ဖယ်ကာ (ဿာ → ဿ) သုံးကြိမ်လုံး “…သမ္မာသမ္ဗုဒ္ဓဿ။” ဟု ဖော်ပြထားသည်။ ဤမှအပ စာသားကို မပြင်ထားပါ။