ဘုရားဂုဏ်တော် ၉ ပါး
ပါဠိ
ဣတိပိ သော ဘဂဝါ အရဟံ၊
အသံထွက်: အိတိပိသော ဘဂဝါ အရဟံ၊
သမ္မာသမ္ဗုဒ္ဓေါ၊
အသံထွက်: သမ်မာသံဗုတ်ဓော
ဝိဇ္ဇာစရဏသမ္ပန္နော၊
အသံထွက်: ဝိတ်ဇာစရဏသမ်ပန်နော
သုဂတော လောကဝိဒူ၊
အသံထွက်: သုဂတော လောက- ဝိဒူ
အနုတ္တရော ပုရိသဒမ္မသာရထိ၊
အသံထွက်: အနုတ်တရော ပုရိသ ဒမ်မ-သာရထိ
သတ္ထာဒေဝမနုဿာနံ။
အသံထွက်: သတ်ထာဒေဝမနုတ်သာနံ၊
ဗုဒ္ဓေါ ဘဂဝါ တိ။
အသံထွက်: ဗုတ်ဓော, ဘဂဝါ” တိ
အနက်
- ၁
အရဟံ
ကိလေသာ ကင်းစင်၍ အမြတ်ဆုံး ပုဂ္ဂိုလ်ဖြစ်ခြင်း၊ လူ၊ နတ်၊ ဗြဟ္မာ တို့၏ ပူဇော်အထူးကို ခံယူထိုက်တော်မူထိုက်သော မြတ်စွာဘုရား။ ဆိတ်ကွယ်ရာ (စိတ်ကွယ်ရာ)အရပ်၌ပင် မကောင်းမှုကို ပြုလုပ်တော်မမူသော မြတ်စွာဘုရား။
- ၂
သမ္မာသမ္ဗုဒ္ဓေါ
တရားအလုံးစုံကို သဗ္ဗညုတဉာဏ် ဖြင့် အလိုလိုသိခြင်း၊ ဉာဏ်ပညာအကြီးဆုံးပုဂ္ဂိုလ်ဖြစ်တော်မူသော မြတ်စွာဘုရား။
- ၃
ဝိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာဉာဏ် ၃ ပါး(၈ ပါး)၊ စရဏ အကျင့် ၁၅ ပါးတို့နှင့် ပြည့်စုံတော်မူခြင်း၊ အကြီးဆုံး ဝိဇ္ဇာနှင့် အကောင်းဆုံး အကျင့်ရှိသူဖြစ်တော်မူသော မြတ်စွာဘုရား။
- ၄
သုဂတော
သတ္တဝါတို့၏ အကျိုးစီးပွားအတွက် ကောင်းသောစကားကို ဆိုတော်မူခြင်းနှင့် နိဗ္ဗာန်သို့ ကောင်းစွာ ကြွတော်မူသော ဂုဏ်။
- ၅
လောကဝိဒူ
ဩကာသလောက၊ သင်္ခါရလောက၊ သတ္တလောက တည်းဟူသော လောကသုံးပါးကို အကုန်အစင်သိမြင်တော်မူသော မြတ်စွာဘုရား။
- ၆
အနုတ္တရောပုရိသဒမ္မသာရထိ
မယဉ်ကျေးသော ဆုံးမထိုက်သူတို့ကို ယဉ်ကျေးသိမ်မွေ့အောင် ဆုံးမရာ၌ အသာလွန်ဆုံးဖြစ်တော်မူသော မြတ်စွာဘုရား။
- ၇
သတ္ထာဒေဝမနုဿာနံ
လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအားလုံးတို့၏ ဆရာတစ်ဆူဖြစ်တော်မူသော မြတ်စွာဘုရား။
- ၈
ဗုဒ္ဓေါ
သစ္စာလေးပါး ကို ကိုယ်ပိုင်ဉာဏ်ဖြင့် သိတော်မူပြီး တစ်ပါးသူတို့အားလည်း ဟောကြားညွှန်ပြနိုင်သော မြတ်စွာဘုရား။
- ၉
ဘဂဝါ
ဘုန်းတော် ၆ ပါးနှင့် ပြည့်စုံတော်မူခြင်း၊ ဘုန်းတန်ခိုးအကြီးဆုံးပုဂ္ဂိုလ်ဖြစ်သော မြတ်စွာဘုရား။
မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဓဇဂ္ဂသုတ် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့
မူရင်း: ဝီကီပီးဒီးယား (my.wikipedia.org) — ဘုရားဂုဏ်တော် · လိုင်စင် CC BY-SA 4.0 · ရယူသည့်နေ့
စာမျက်နှာပုံစံသာ ပြောင်းထားပြီး စာသားကို မပြင်ထားပါ။